ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၈/၂၀၁၉ ကြိမ်မြောက် ARIC အစည်းအဝေးတက်ရောက်

၈/၂၀၁၉ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ ညနေ (၁၅၀၀)နာရီအချိန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ (၂)လအတွင်း (၈)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၁)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်အနည်းဆုံးကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှုလု်ပငန်းများကို ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကော်မတီမှ အတည်ပြုမိန့်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကိုလည်း ကြီးကြပ်ကွင်းဆင်းပံ့ပိုးဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးကြရန်၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များအနေနှင့်လည်း လုပ်ငန်းပိုင်ဆိုင်ရာအခက်အခဲများနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်သည့် ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြနိုင်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အမြန်ဆုံးလွယ်လင့်တကူဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကို ရွေးချယ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း (၂၀၁၆ - ၂၀၁၇) မှ (၂၀၁၈ − ၂၀၁၉)ခုနှစ်အထိ ၃ နှစ်တာအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၆၀.၆၃၇)သန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏကျပ်သန်း (၆၀၃၀၇၁.၁၂၀)၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် (ARIC) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၃)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၃၀.၄၃၈)သန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၈)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏကျပ်သန်း (၈၃၈၈၉.၆၀၄)၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၀)ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၉)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ (၉၁.၀၇၈)သန်း၊ ကျပ်သန်း (၆၈၆၉၆၀.၇၂၄)သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၅၈၂၈)နေရာ ဖန်တီးပေးနိုင်ခဲ့ပါသည်။

Photo By : Wai Zin

23-Dec-2019