ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများ၊ ကွန်ပျုတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများဖြင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လူထုတွေ့ဆုံပွဲများ ကျင်းပသကဲ့သို့ ပညာရေးဝန်ထမ်းများ၏ လိုအပ်ချက်အခက်အခဲများအား သိရှိဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အခါအားလျော်စွာ ပညာရေးဌာနမှ ဝန်ထမ်းများဖြင့်တွေ့ဆုံလျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့ရှိ မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများ၊ ကွန်ပျုတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများဖြင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်မှ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများသည် အနာဂတ်ရဲ့ ကြယ်ပွင့်များဖြစ်သကဲ့သို့ လူစွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်အတွက် စေတနာ/ ဝါသနာ/ အနစ်နာဖြင့် ကလေးများအားပြုစုပျိုးထောင်ပေးကြဖို့နှင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာပြည့်ဝသူများဖြစ်အောင် မွေးထုတ်ပေးကြဖို့တိုက်တွန်းမှာကြားခဲ့ပြီး တက္ကသိုလ်(၃)ခုမှ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများက တက္ကသိုလ်များတွင် ဆောင်ရွက်လျက်ရှိသော သင်ကြားမှုအခြေအနေများ၊ ကျောင်းဆောင်အခြေအနေများ၊ လိုအပ်ချက်များနှင့်အခက်အခဲများအားတင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများမှ တင်ပြချက်များအပေါ် မှတ်တမ်းတင်ထားရှိပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရမည့်ကိစ္စရပ်များအား တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။

17-Dec-2019