ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊တညင်ကုန်း‌ကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်း၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ တင်ပြချက်များနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများနှင့်ထိတွေ့ပြီး ပြည်သူများ၏လိုအပ်ချက်များအား လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ (၁၅.၉.၂၀၁၉)ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊တညင်ကုန်း‌ကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး/ ကျန်းမာရေး/ စိုက်ပျိုးရေး/မွေးမြူရေးနှင့်စီပွားရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာ
လုပ်ငန်းများ၊ ဒေသခံပြည်သူများအလုပ် အကိုင်အခွင့်အလမ်း ရရှိ၍လူမှုဘဝတိုးတက်မြင့်မားရေးဆောင်ရွက်ချက်များ၊
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝန်ကြီးဌာအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် မိတ်ဆက်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေးကဏ္ဍ(လမ်း/တံတား)၊လျပ်စစ်မီးရရှိရေးကဏ္ဍ၊လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်နှင့်ချောင်းကောမြောင်းကောများ ပြန်လည်‌တူးဖော်ပေးစေလိုခြင်းကဏ္ဍ၊ရိတ်သိမ်းခြွေလှေ့စက်များအား အရစ်အနည်းဆုံး(အရစ်ကျ)စနစ်ဖြင့် ရောင်းချပေးစေလိုခြင်းကိစ္စများအား တင်ပြမေးမြန်းဆွေးနွေးခဲ့ကြပြီး မေးမြန်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ပြည်သူများ၏လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး
နိဂုံးချုပ်အမှာစကားပြောကြား၍ တွေ့ဆုံပွဲအားအခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

17-Dec-2019