ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊ တော်ကျိုက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် Jeong Ho Intrenational Co;Ltd ၏ အထည်ချုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ လူမှုစီးပွှားဘဝဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြည်တွင်း/ပြည်ပရင်းနှီး မြုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ (၁၀၀၀)အချိန်တွင် ဒေးဒရဲမြို့နယ်၊ တော်ကျိုက်ကျေးရွာတွင် Jeong Ho Intrenational Co;Ltd ၏ အထည်ချုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊Jeong Ho Intrenational Co; Ltdအထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများ နှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် Jeong Ho Intrenational Co;Ltd အထည်ချုပ်စက်ရုံမှတာဝန်ရှိသူများက Jeong Ho Intrenational Co;Ltd အထည်ချုပ်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံတွေမှာ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အကြီးအကဲများမှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan .MSDP)ကိုအတည်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး(MSDP)၏ ချမှတ်ထားသော ရည်မှန်းချက်များထဲမှ ပထမရည်မှန်းချက်သည် နိုင်ငံတော်တည်ငြိမ်မှုအတွက် မဖြစ်မနေလိုအပ်သည့် ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒုတိယရည်မှန်းချက်သည် စီးပွားရေးစီမံခန့်ခွဲမှုဖြစ်ပြီး တတိယရည်မှန်းချက်ကတော့ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါကြောင်း၊ ထိုရည်မှန်းချက်များများကို အကောင်အထည်ဖော်၍ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးအပါဆုံးဖြစ်ကြောင်းကိုလည်း နိုင်ငံတော်အကြီးအကဲများက အလေးအနက်မိန့်မှာထားရှိပါကြောင်း၊ စီးပွားရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရင်းနှီးမြုပ်နှံမှု များကို ပိုမိုဆောင်ရွက်ခြင်းသည် အကြီးစားစီးပွားရေးစီမံခန့်ခွဲမှုဖြစ်ပြီး ခိုင်မာသောပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမည်ဆိုတာကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုများရရှိလာစေရန် မျှော်မှန်းထား ခြင်းဖြစ်ပြီး နိုင်ငံတော်၏ပြောင်းလဲရေးကဏ္ဍများတွင် စီးပွှားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချမှတ်ထားသော မူဝါဒများအတိုင်း ဧရာဝတီတိုင်းရင်းနှီးမြုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်များရယူပြီး Jeong Ho Intrenational Co;Ltd မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အထည်ချုပ်စက်ရုံကို တည်ဆောက်ခဲ့တာဖြစ်ပြီး နိုင်ငံတော်၏စီးပွားရေးမူဝါဒများ မျှော်မှန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်း၊ (MSDP)၏ တတိယရည်မှန်းချက်ဖြစ်သော အလုပ်အကိုင် ဖန်းတီးရေးကို ဆောင်ရွက်ရာလည်းရောက်ပါကြောင်း၊ မိမိတို့မြို့နယ်၏ အခြေခံလူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အလုပ်ရှားပါးမှုပြဿနာများလျှော့နည်းလာ၍ တစ်ခြားရပ်ဝေးဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်မလိုတော့ဘဲ မိမိတို့ဒေသ/မိသားစုများနှင့်မခွဲခွာရဘဲ အလုပ်အကိုင် များရရှိလာမှာဖြစ်ပါကြောင်း၊ လူတိုင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိလာသည်နှင့်အမျှ မိသားစု ဘဝရပ်တည်မှုများလည်းတိုးတက်မြင့်မားလာမှာဖြစ်ပြီး ထိုမှတစ်ဆင့်မြို့နယ်/ခရိုင်/တိုင်းဒေသကြီး/ နိုင်ငံတော်အဆင့်ထိစီးပွှားရေးအခက်အခဲများနှင့်ဆင်းရဲနွမ်းပါးမှုများ ပပျောက်လာမှာဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သော အထည်ချုပ်စက်ရုံအနေဖြင့် (၁.၁၁.၂၀၁၉)ရက်နေ့တွင် လုပ်သားအင်အား (၅၀) ဖြင့် စတင်လည်ပတ်လျက်ရှိပြီး လုပ်ငန်းလည်ပတ်မှုတိုးမြှင့်လာသည်နှင့်အမျှ လုပ်သားအင်အား ပိုမိုတိုးမြှင့်ခန့်ထားဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း သိရတဲ့အတွက်လည်း ဝမ်းသာပိတိဖြစ်ရပါ ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျွန်တော်တို့နိုင်ငံတော်အတွင်း ဈေးကွက်စီးပွှားရေးစနစ်နှင့်အညီ ပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုဆောင်ရွက်လာဖို့လိုပါကြောင်း၊ မြို့နယ်များတွင် ယခုကဲ့သို့ စက်ရုံ/ အလုပ်ရုံများ လာရောက်တည်ဆောက်ပြီး ရင်းနှီးမြုပ်နှံဆောင်ရွက်ခြင်းသည် ဒေသအတွင်း ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နိုင်ခဲ့တာမို့ နိုင်ငံတော်ရဲ့ စီးပွှားရေး မူဝါဒများနှင့်အညီ ပြည်တွင်း/ပြည်ပရင်းနှီးမြုပ်နှံမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖိတ်ခေါ်ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍Jeong Ho Intrenational Co;Ltd အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူတစ်ဦးမှ စက်ရုံတည်ဆောက်မှု၊ စမ်းသပ်လည်ပတ်မှုများနှင့် ပတ်သက်၍အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြော ကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် အဖွဲ့တို့သည် Jeong Ho Intrenational Co;Ltd အထည်ချုပ်စက်ရုံအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး အထည်ချုပ်စက်ရုံမှတာဝန်ရှိသူများက စက်ရုံနှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

17-Dec-2019