ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင် HIV/AIDS ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြမြို့များတွင်ရှိသော ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့များ အပါအဝင် ART Centers (၁၀)ခု Decentralized ART sities (၂၃)ခုတို့တွင် ပြည်ကြီးခင်၊ Top Center (PSI)၊ Marie Stopes စသော ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ People living with HIV network များနှင့် ပူးပေါင်းလျက် HIV/AIDS ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် ART ဆေးဝါးဖြင့် ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ တိုင်းဒေသကြီးအတွင်း HIV ရောဂါပိုးကူးစက်ခံရသူ (၉၈၃၀)ဦး (လူကြီး ၉၄၂၃ + ကလေး ၄၀၇)ကို ART ဆေးဝါးဖြင့် ကုသပေးလျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် HIV ပိုးရှိသူများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓာတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ရောဂါပိုးရှိသူများ လက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရေး၊ ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ AIDS ရောဂါနှင့် ဆက်နွယ်သော သေဆုံးမှုများ လျှော့ချရေးစသည့် ရည်မှန်းချက်များ ပြည့်မီပြီး ၂၀၃၀ ခုနှစ်မှာ HIV ပိုး ကူးစက်မှုကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း  အဖွင့်အမှာစကား ပြောကြားပါသည်။   ဆက်လက်ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးမှ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာအားဖတ်ကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ HIV/AIDS ကာကွယ်ရေး၊ ကုသပြုစုစောင့်ရှောက်ရးလုပ်ငန်းများတွင် ၂၀၁၉ ခုနှစ်အတွင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်သော ကျန်းမာရေးဝန်ထမ်းများအား ဆုများအသီးသီး ပေးအပ်ခဲ့ပါသည်။   အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
02-Dec-2019