ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

အားကစားနည်းများတွင် ပထမဆုံးအားကစားတစ်ခုဖြစ်သော ပြေးခုန်ပစ်အားကစားနည်းကို ခရစ်မပေါ်မီ BC – ၇၇၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲတွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး ယနေ့ ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ဒီဇင်ဘာလ (၂)ရက်၊ နံနက် (၀၇၀၀)နာရီအချိန်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က မြို့နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြေးခုန်ပစ်အားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော (မြန်မြန်ပြေး၊ ဝေးဝေးပစ်၊ မြင့်မြင့်ခုန်)ဆိုသည့်အတိုင်း ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ သွက်လက်လျှင်မြန်မှုပေါ့ပါးမှု၊ ဇွဲလုံ့လကြံ့ခိုင်မှုတို့ အထူးလိုအပ်သည့် အားကစားနည်းဖြစ်ကြောင်း၊ အမြဲမပြတ်လေ့ကျင့်နေမှသာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် စံချိန်တိုးတက်ရေးကိုသာ အမြဲမပြတ်ဦးတည်လေ့ကျင့်နေသော်လည်း ဥပဒေစည်းကမ်းမလိုက်နာခြင်း၊ ချိုးဖောက်ခြင်းများရှိပါက ရသင့်ရထိုက်သော ဆုတံဆိပ်များ မရှိခြင်း၊ အရွယ်ကောင်း အချိန်ကောင်းတွင် အားကစားလောကမှ ထွက်ခွာသွားရခြင်းများ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် စည်းကမ်းလိုက်နာသော အားကစားသမားများသာ ထူးချွန်တိုးတက်လာမည်ဖြစ်ကြောင်း၊ ယနေ့ပြိုင်ပွဲတွင် မိမိ၏ လျှင်မြန်ဖြတ်လက်မှု၊ ကြံခိုင်မှု၊ သက်လုံကောင်းမှု၊ ဇွဲရှိမှုများကိုပြသပြီး မိမိမြို့နယ်အတွက် အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ကြရန်၊ စည်းကမ်းပြည့်ဝပြီး ထူးချွန်ထက်မြက်သော အားကစားသမားများဖြစ်အောင် ကြိုးစားကြရန် ပြောကြားရင်း ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

02-Dec-2019