ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏စပါးကျီကြီးဖြစ်သည့်နှင့်အညီ တိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် မှန်ကန်သောစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ လက်မှုလယ်ယာစနစ်မှ အဆင့်မြင့်စက်မှုလယ်ယာစနစ်သို့ကူးပြောင်းကာ တောင်သူများ လူမှုစီးပွှားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် စံပြစိုက်ခင်းများ အကောင်အထည် ဖော်ဆောင်ရွက်၍ ပြည်သူများ စိုက်ပျိုး ရေးနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ သီးနှံ အထွက်တိုး၍ ဝင်ငွေများတိုးပွှားလာစေရန်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ကျိုက်လတ်မြို့၊၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်တွင် ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်မှ တောင်သူဦးအေးမင်း၏ လယ်ကွက်အတွင်းမှ ယာယီမဏ္ဍပ်တွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုး‌အောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊စိုက်ပျိုးရေးဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊စိုက်ပျိုး‌ရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့်ပြည်သူများတက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် ဒေသခံတောင်သူများက ကျိုက်လတ်- မော်လမြိုင်ကျွန်းသွားကားလမ်းဝဲ/ ယာတစ်လျှောက်ရှိ ကားလမ်းမြောင်းများတိမ်ကောပိတ်ဆို့‌နေမှုအားရေစီးရေလာကောင်းမွန်စေရေးအတွက်ပြန်လည်ဆယ်ယူနိုင်ရေးကိစ္စ၊ကျိုက်လတ်- မော်လမြိုင်ကျွန်း ကားလမ်းတစ်လျှောက်ရှိမြို့/ရွာချင်းဆက် ကုန်ထုတ်လမ်းများအရည်အသွေးကောင်းမွန်လာစေရေးကိစ္စ၊ဟင်းသီးဟင်းရွက်များ၊နေဗီယာမျက်များ၊ကြံခင်းများ၊‌အော်ဂဲနစ်ကုန်ကြမ်း မြေဩဇာပင်များစိုက်ပျိုးခွင့်ရရှိနိုင်ရေး အစရှိသည့်ကိစ္စများကိုတင်ပြခဲ့ပြီးအဆိုပါ တင်ပြချက်များအပေါ် တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်းတို့ကပြန်လည်‌ရှင်းလင်းဖြေကြားခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က သက်ဆိုင်ရာမြို့နယ်/ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာများက အမြန်ဆုံးကွင်းဆင်းစီစစ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများ၏ အခက်အခဲများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်မှသာ အထွက်နှုန်းများတိုးတက်မြင့်မားလာမည်ဖြစ်သောကြောင့် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ပြသသည့်နည်းစနစ်များအားမှန်ကန်စွာလိုက်နာဆောင်ရွက်သွားကြရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များအား ရွှေးချယ်စိုက်ပျိုးကြရေးအပြင် အဆင့်မြင့်နည်းစနစ်များအသုံးပြု၍ သဘာဝမြေဩ ဇာများအသုံးပြုမှသာ ဘေးဥပါတ်ကင်းရှင်း၍ အရည်အသွေးရှိသော ဆန်စပါးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကာ စပါးအထွက်နှုန်းတိုးတက်လာစေရန်အတွက်မြေဆီလွှာထိန်းသိမ်းခြင်းအ‌နေဖြင့်ထုံးထည့်သွင်းခြင်း၊ သစ်စိမ်းမြေဩဇာများထည့်သွင်းခြင်းပြုလုပ်၍ အထွက်နှုန်းသိသာစွာတိုးတက်လာပုံများအားအသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ယခင်နေ့ကပင် ကန်ကြီးထောင့်မြို့နယ်၌ စမ်းသပ်ရိတ် သိမ်းခဲ့မှုနှင့်အထွက်နှုန်းကွာခြားမှုအခြေအနေများအား ဖြည့်စွက်ချပြဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအားရုတ်သိမ်းခဲ့ပါသည်။
27-Nov-2019