ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍အရည် အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွန်းလာစေရန်နှင့် ကလေးတွေရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင်/ သိစေချင်တဲ့အတွက် ငယ်ရွယ်သော ကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွှားလာစေ ရန်ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ၀၉၀၀အချိန်တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြိုဖများ ပူးပေါင်းစီစဉ်ကျင်းပသော “ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ် ဈေးရောင်းပွဲတော်”ဖွင့်ပွဲအခမ်းအနားအား ကျင်းပ ပြုလုပ်ရာအခမ်းအနားသို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်ဇနီး၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်း သား/ ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များအား ကျောင်းသား/ ကျောင်းသူလေးများက ဘင်ခရာတီးဝိုင်း၊ပန်းပွှားအက၊ကရင်ဒုံးယိမ်းအကများဖြင့် ကြိုဆိုခဲ့ပြီး အစီအစဉ်ပထမပိုင်းအနေဖြင့်ကျိုက်လတ်မြို့၊စက်မှုလက်မှုသိပ္ပံ၊စုဝေးခန်းမရှေ့တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် လွှတ်တော်အရပ်ရပ်မှ လွှတ် တော်ကိုယ်စားလှယ်များက ထူးချွန်ကျောင်းသား/ကျောင်းသူ(၂)ဦးနှင့်ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး ခြံရံ၍“ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်” အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ထို့နောက်အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား စက်မှုလက်မှုသိပ္ပံ၊ စုဝေးခန်းမအတွင်း ဆက်လက်ကျင်းပရာ ကျိုက်လတ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေး များက ကလေးစာပေပွဲတော် Theme Song သီချင်းအား သီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်တွင်ပျော်ရွှင်စွာပါဝင်ဆင်နွှဲရင်း စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးများ ကလေးစာပေပွဲတော်နှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင် ဆောင်ရွက်ခွင့်ရရှိစေရန်စသောရည်ရွယ်ချက်ကောင်းများဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပနိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ်တွင် နိုင်ငံတော်အဆင့်ကလေး စာပေပွဲတော်ကို ပုသိမ်တက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့ပြီး ခရိုင်(၃)ခရိုင်တွင်လည်း အလားတူ ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ရာ မြို့/ရွာမကျန် မိဘပြည်သူများနှင့် ကလေးများစိတ်ပါဝင်စားမှုရှိတာကိုသိရှိရတဲ့အတွက် ကလေးများအတွက် များစွာအကျိုးသက်ရောက်သည့် ပွဲတော်ဖြစ်သော ကလေးစာပေပွဲတော်ကို ယခုနှစ်တွင်ကျင်းပ နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ယခုလိုကလေးစာပေပွဲတော်များ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တစ်မြို့နယ်လျှင်ကျပ်သိန်း(၃၀)စီပံ့ပိုးခဲ့ပြီး အနာဂတ်ကိုထုဆစ်ပုံဖော်ရန်အတွက် ကလေးများ ရဲ့ပုံရိပ်ကိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ် စွမ်းသရွှေ့တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းဖြစ်ကာ ပန်းပုအရုပ်တစ်ရုပ်ထုဆစ်ဖို့ရန် အတွက် အသားကောင်းကောင်းရှာရမှာဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် ရန်အတွက် အရည်အသွေးမြင့်မားတဲ့ သားကောင်းသမီးမွန်များပေါ်ထွန်းရေးသည် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်ရာ ကလေးများစာပေတွင်မွေ့လျော်လာစေရန်၊ ကလေးများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက် ကလေးစာပေပွဲတော်များအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုအနက် ကျွန်တော်တို့ တိုင်းဒေသကြီးအနေဖြင့် မြို့နယ်အဆင့်ကလေးစာပေပွဲတော်များကိုပထမဦးဆုံးကျင်းပနိုင်ခဲ့တဲ့ တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်မြို့နယ်လျှင် ကျပ်သိန်း(၃၀)စီ ပံ့ပိုးပေးသကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်းမြို့နယ်တိုင်းအတွက် စာအုပ်(၇၀၀)စီ နဲ့ MRTV၊ မြန်မာ့အလင်း၊ကြေးမုံသတင်းစာ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုဒ် MOI နှင့် Myanmar Digital News တို့တွင် ကြော်ငြာများထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရည်ရွယ်ချက်ကောင်းများစွာဖြင့် ကျိုက်လတ်မြို့နယ်တွင် ကလေးစာပေပွဲတော်အား ယခုကဲ့သို့ စည်စည်ကားကားကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှပြည့်ပြည့်စုံစုံ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတာတွေ့ရတဲ့အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ကလေးစာပေပွဲတော်များဟာ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာမှအကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပြီး မျိုးဆက်သစ်အနာဂတ်များအတွက် ရည်ရွယ်ချက်ကောင်းများတွေနဲ့အကောင်အထည်ဖော်ပေးပါသော ဝန်ကြီးဌာနများ/တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိမိတို့ရပ်ရွာ ဒေသအကျိုးကိုပြုကြသော ငွေအား/လူအားဖြင့် ကူညီဆောင်ရွက်ကြသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် “ပြည်သူနှင့်အတူ” ဟူသောဆောင်ပုဒ်နှင့်အညီ အစိုးရနှင့်ပြည်သူလက်တွဲညီညီ ဆောင်ရွက်ကြတဲ့ပွဲတော်တစ်ခုအဖြစ် အသိအမှတ်ပြုပါကြောင်း အမှာစကားပြောကြားခဲ့ပြီး အထက(၂)မှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရမြန်မာ သီချင်းဖြင့်ဖျော်ဖြေခြင်း၊အထက(၁)မှ ကျောင်းသား/ကျောင်းသူများက ဗိုလ်ရှု့သဘင် သီချင်းဖြင့် ဖျော်ဖြေခြင်း၊ အထက(လှိုင်းတာ)မှ Christ the Lamp of talvery သီချင်းအားတယောဖြင့် ဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့ပြီး ဖျော်ဖြေပေးခဲ့သောအဖွဲ့များကိုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ ဧည့်သည်တော်များက ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့အား လှည့်လည်ကြည့်ရှု့ခဲ့ပြီးပြိုင်ပွဲဝင်ကလေးများအားအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါတယ်။

ကလေးစာပေပွဲတော်တွင် ကျိုက်လတ်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှဖျော်‌ဖြေရေးအစီအစဉ်များ၊ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ဆေးရောင်ချယ်၊စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ခါးလှည့်ကွင်းကစားခြင်း အစရှိသည့်ပြိုင်ပွဲများနှင့် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အခြေခံပညာဦးစီးဌာနပြခန်း၊ကျန်းမာရေးပြခန်း၊ဒေသဖွံ့ဖြိုးရေးပြခန်း၊ကျောင်းစာကြည့်တိုက်ပြခန်း၊စာပေ‌ဟောပြောပွဲ၊ စာအုပ်အရောင်းဆိုင်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပကာ ကလေးစာပေပွဲတော်တွင် နယ်ပယ်ဒေသအသီးသီးမှ ဆရာမိဘကျောင်းသားကျောင်းသူ တစ်သောင်း‌ခြောက်ထောင်ကျော်ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရပါတယ်။

ယခု ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲကို နိုဝင်ဘာလ ၁၈ရက်နေ့မှ ၁၉ရက်နေ့ နံနက် ၉နာရီမှ ၅နာရီအထိ ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး ပွဲတော်တွင် မည်သူမဆိုပါဝင်ဆင်နွဲနိုင်ပါသည်။

27-Nov-2019