ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏စပါးကျီကြီးဖြစ်သည့်နှင့်အညီ တိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် မှန်ကန်သောစိုက်ပျိုးရေးနည်းစနစ်များ အသုံး ပြု၍ လက်မှုလယ်ယာစနစ်မှ အဆင့်မြင့်စက်မှုလယ်ယာစနစ်သို့ကူးပြောင်းကာ တောင်သူများ လူမှုစီးပွှားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် စံပြစိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်၍ ပြည်သူများစိုက်ပျိုးရေးနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ သီးနှံ အထွက်တိုး၍ ဝင်ငွေများတိုးပွှားလာစေရန်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့(၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးတင်အောင်ဝင်းလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၁၈၆−စီ)၊ ဦးပိုင်အမှတ်(၁၀/စ) ၊တောင်သူ ဦးစိုးမြင့်အောင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍ ကို အခြေခံသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက် ရန်လိုအပ်ကြောင်း၊ မိမိဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်မှစပြီး လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်လျှက်ရှိပါကြောင်း၊ အရည်အသွေးကောင်း သီးနှံများထုတ်လုပ်မှသာလျှင် ဈေးကွက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် PH နိမ့်သော လယ်များတွင် ထုံးထည့်ခြင်း၊ သစ်စိမ်းမြေသြဇာအတွက် ပိုက်ဆံလျှော် များ၊ မတ်ပဲများကို အသုံးပြုခြင်း၊ တိုင်းဒေသကြီးအတွင်း အမှိုက်အဖြစ်စုပုံနေသော စပါးခွံများ မြေဆွေးပြုလုပ်၍ ပြန်လည်အသုံးချစေလိုကြောင်း၊ ထိုအပြင် မျိုးစေ့ထုတ်တောင်သူများအား စုစည်း၍ မျိုးကောင်း မျိုးသန့်များထုတ်လုပ်ရေးလုပ်ငန်းတွင် ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ်များဖြစ်ပေါ်လာအောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

 

ထို့နောက် ၂၀၁၉ခုနှစ်၊ မိုးစပါးရာသီတွင် ဆင်းသုခစပါးမျိုးဖြင့် ဆောင်ရွက်ထားရှိသော စီးပွှားဖြစ်မျိုးသန့်းမိုးစေ့ထုတ်စိုက်ကွင်းတွင် ထုံးထည့်သွင်းခြင်း စမ်းသပ်ကွက်(၃)ကွက်အား (ဝ.၅၀)ဧကစီ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တောင်သူများနှင့်အတူ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ထုံးမထည့်သောအကွက်မှ အစိုတင်း(၇၆.၃၉)တင်း၊ ယခုနှစ်တစ်ဧကလျှင်ထုံးပိဿာ(၁၀၀) ထည့်သောအကွက်မှ အစိုတင်း(၈၆.၅၄)တင်းနှင့် ယခင်နှစ်ထုံးပိဿာ(၁၀၀)၊ ယခုနှစ် ထုံးပိဿာ(၁၀၀)၊ စုစုပေါင်း ထုံးပိဿာ(၂၀၀)ထည့်သောအကွက်မှ တစ်ဧကလျှင် အစိုတင်း (၉၈.၃၁)တင်း ထွက်ရှိခဲ့ပါသည်။

Photo by : U Moe (Pathein)

27-Nov-2019