ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့နယ်၊ အထက(၂)ကျောင်းတွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်အရောင်းပွဲတော် အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍အရည် အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွန်းလာစေရန်နှင့် ကလေးတွေရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင်/ သိစေချင်တဲ့အတွက် ငယ်ရွယ်သော ကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွှားလာစေ ရန်ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ ၀၉၀၀အချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထက(၂)ကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြိုဖများ ပူးပေါင်းစီစဉ်ကျင်းပသော “ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်အရောင်းပွဲတော်”ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌဦးစန်းထွေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေး ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက် ရောက်ခဲ့ပါသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များအား ကျောင်းသား/ ကျောင်းသူလေးများက ပန်းပွှားအက၊ ကရင်ဒုံးယိမ်းအက၊ ကဗျာလွှတ်၊ ယပ်တောင်ယိမ်း အကများဖြင့် ကြိုဆိုခဲ့ပြီး အစီအစဉ်ပထမပိုင်းအနေဖြင့် ဓနုဖြူမြို့၊ အထက(၂)ကျောင်းရှေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးသန်းဆွေဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသား/ကျောင်းသူများ ခြံရံ၍“ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ် စာအုပ်အရောင်းပွဲတော်”အားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ထို့နောက်အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား အထက(၂)ကျောင်းရှိ ပညာ့ဗိမာန်ခန်းမအတွင်း ဆက်လက်ကျင်းပ ရာ ဓနုဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေး များက ကလေးစာပေပွဲတော် Theme Song အားသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော်ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာ ရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်တွင်ပျော်ရွှင်စွာပါဝင်ဆင်နွှဲရင်း စုပေါင်းဆောင်ရွက်တတ် သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းနေ အရွယ်ကလေးများ ကလေးစာပေပွဲတော်နှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင် ဆောင်ရွက်ခွင့်ရရှိစေရန်စသောရည်ရွယ်ချက်ကောင်းများဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပနိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ်တွင် နိုင်ငံတော်အဆင့်ကလေး စာပေပွဲတော်ကို ပုသိမ်တက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့ပြီး ခရိုင်(၃)ခရိုင်တွင်လည်း အလားတူ ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ရာ မိဘပြည်သူများနှင့် ကလေးများ စိတ်ပါဝင်စားမှုရှိတာကိုသိရှိရတဲ့အတွက် ကလေးများအတွက်များစွာအကျိုး သက်ရောက်သည့် ပွဲတော်ဖြစ်သော ကလေးစာပေပွဲတော်ကို ယခုနှစ်တွင် ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ယခုလို ကလေးစာပေပွဲတော်များ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တစ်မြို့နယ် လျှင်ကျပ်သိန်း(၃၀)စီပံ့ပိုးခဲ့ပြီး တိုင်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်း သရွှေ့တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းဖြစ်ကာ ပန်းပုအရုပ်တစ်ရုပ်ထုဆစ်ဖို့ရန် အတွက် အသားကောင်းကောင်းရှာရမှာဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် ရန်အတွက် အရည်အသွေးမြင့်မားတဲ့ သားကောင်းသမီးမွန်များပေါ်ထွန်းရေးသည် နိုင်ငံတော် အတွက် များစွာရည်မှန်းချက်ဖြစ်ရာ ကလေးများစာပေတွင်မွေ့လျော်လာစေရန်၊ ကလေးများ အတွက်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် တို့အတွက် ကလေးစာပေပွဲတော်များ အားကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်မြို့နယ်လျှင် ကျပ်သိန်း (၃၀)ပံ့ပိုးပေးသကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်းမြို့နယ်တိုင်းအတွက် စာအုပ်(၇၀၀)စီ နဲ့ MRTV၊ မြန်မာ့အလင်း၊ကြေးမုံသတင်းစာ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုဒ် MOI နှင့် Myanmar Digital News တို့တွင် ကြော်ငြာများထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရည်ရွယ်ချက်ကောင်းများစွာဖြင့် ဓနုဖြူမြို့နယ်တွင် ကလေးစာပေပွဲတော်အား ယခုကဲ့သို့ စည်စည်ကားကားကျင်းပနိုင်ရေး ငွေအား/လူအားနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများ အား ကျေးဇူတင်ရှိပါကြောင်းနှင့်မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် “ပြည်သူနှင့်အတူ”ဟူသောဆောင်ပုဒ်နှင့်အညီ အစိုးရနှင့် ပြည်သူလက်တွဲညီညီ ဆောင်ရွက်ကြတဲ့ပွဲတော်တစ်ခုအဖြစ် အသိအမှတ်ပြုပါကြောင်းအမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ကလေးစာပေပွဲတော် ဖြစ် မြောက်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေ ဝင်းက ကလေးစာပေပွဲတော်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအား အသေး စိပ်ရှင်းလင်းပြောကြားခြင်း၊ ဓနုဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှမှ ကျေးဇူးတင်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး အထက(၂)မှ ကျောင်းသား(၁)ဦးက ဗိုလ်ရှု့သဘင်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊အလကကျားကျောင်းမှကျောင်းသား/ကျောင်းသူလေးများက ကရင်ရိုးရာ ဆန်ဖွတ်မောင်းထောင်း ရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်း၊ အလက-ကျားကျောင်းမှ ကျောင်းသား/ကျောင်းသူ များက ရခိုင်အကဖြင့် ကပြဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့ပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ ဧည့်သည်တော်များက ကလေးစာပေပြပွဲနှင့် စာအုပ် စျေးရောင်းပွဲတော်တို့အား လှည့်လည်ကြည့်ရှု့ခဲ့ပါသည်။

27-Nov-2019