ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၆/၂၀၁၉ ကြိမ်မြောက် ARIC အစည်းအဝေးတက်ရောက်

၆/၂၀၁၉ ကြိမ်မြောက် ARIC အစည်း အဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁၈ ရက်၊ နံနက် (၁ဝး၀၀)အချိန်က ကျင်းပရာ တိုင်းဒေ သကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီး/ ပြည်နယ်တိုင်းက ရင်းနှီးမြုပ်နှံမှု ဝန်းကျင်အား ကောင်းသထက် ကောင်းအောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြရာ မိမိတို့တိုင်းအနေဖြင့်လည်း ဆက်လက်ကြိုးပမ်းသွားကြရန်လိုကြောင်း၊ရင်းနှီးမြုပ်နှံမှုကဏ္ဍသည် နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍဖြစ်၍ နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်နေကြောင်း၊ ဌာနအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်၏မူဝါဒများကို မျက်ခြေမပြတ်စေဘဲ ပံ့ပိုးပေးနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းများကို ဖော်ထုတ်နိုင်သည့် ဆွေးနွေးပွဲ များကိုလည်း ကျင်းပပေးနေသည့်အတွက် ပုဂ္ဂလိကအသင်းအဖွဲ့များအနေနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း အမှာစကား ပြောကြားသည်။

အစည်းအ‌ဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Photo by : Wai Zin

19-Oct-2019