ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဆု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဆု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ (၁၀.၁၀.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကား ပြောကြားကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တံခွန်စိုက်ဆု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အလေးမ အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
 

19-Oct-2019