ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကန်ကြီးထောင့်မြို့၊ မြို့လယ်လမ်း(ကွန်ကရစ်ခင်းလမ်း) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအခြေခံကျသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ( ၈)ရက်နေ့(၀၈၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ မြို့လယ်လမ်း(ကွန်ကရစ်ခင်းလမ်း) ဖွင့်ပွဲအခမ်းအနားအားကျင်းပပြုလုပ် ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်လျက်ရှိသော ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်း ပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်းဆွေးနွေး ခဲ့ပြီး စည်ပင်သာယာရေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ အနေဖြင့် ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် အခွန်နှင့်သာမာန်ရငွေမှာ(၂၇၀၉.၅၃)သိန်းဖြစ်ပြီး ကော်မတီအနေဖြင့် အခွန်ကောက် နယ်မြေများဖြစ်သော မြို့ပေါ်(၇)ရပ်ကွက်၊ ဒါးက၊ မြင်းကဆိပ်၊ ကံကုန်း၊ တကုန်းကြီး၊ အပင် နှစ်ဆယ်၊ ကံရွာစသောကျေးရွာများကိုပါလမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ပေးနေရသော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး ပြည်သူများ၏လိုအပ်ချက်များကိုဆောင်ရွက်ရာတွင် ရငွေအပေါ် မူတည်၍ ဆောင်ရွက်ပေးရကာ ဝင်ငွေနည်းပါးသောမြို့နယ်လည်းဖြစ်သောကြောင့် ပြည်သူ များ၏လိုအပ်ချက်များကို ဆောင်ရွက်ရာတွင်အခက်အခဲများရှိပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ကန်ကြီးထောင့်မြို့အား ရန်ကုန်-ပုသိမ်ကားလမ်းမကြီးမှ ဒါးကမြစ်ကမ်းအထိ (၁)မိုင်(၄)ဖာလုံ၊ ဘဲဂရက်ဘူတာအထိ(၁)မိုင်(၄)ဖာလုံမြို့တွင်းလမ်း(၂)လမ်းအား စည်ပင် သာယာရေးကော်မတီရန်ပုံငွေဖြင့် နှစ်စဉ်ကွန်ကရစ်လမ်းများခင်းပေးသော်လည်း ဝင်ငွေနည်း ပါးသဖြင့် လမ်းမခင်းနိုင်သောအပိုင်းများသည်ပျက်စီးမှုများရှိသည့်အတွက် ပြည်သူများသွား လာရေးအခက်အခဲများရှိသည်ကို သိရှိရသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုဖွင့် လှစ်သည့် မြို့လယ်လမ်း၊( ၃၅၄၅’×၁၈’×၈”)ပေအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ (၁၃၄၇.၀၀)သိန်း အား ခွင့်ပြုချထားပေးခဲ့နိုင်ပြီး ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ခဲ့ခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကွန်ကရစ် လမ်းမကြီးအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ အကျိုးရှိစွာအသုံးပြုသွားကြရန်နှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသောကဏ္ဍတစ်ခုဖြစ်သကဲ့သို့ ယခုလိုလမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာ သည့်နှင့်အမျှ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသော ကဏ္ဍများအားလုံး ဖွံ့ဖြိုးတိုးတက်၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြည့်စုံ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ လမ်းနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကန်ကြီးထောင့်မြို့၊ မြို့လယ်ကွန်ကရစ်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဖုန်းလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဇော်မျိုးဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေး ဝန်ကြီး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးတို့အား လမ်းဖွင့်ပွဲအထိမ်း အမှတ်အလံများအားပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူး၍ ကွန်ကရစ်လမ်းအားကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

08-Oct-2019