ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ကျန်းမာရေးအဆထာက်အကူပြုလုပ်ငန်းများ တိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (Meeting in Health Support Activities) အခမ်းအနားတက်ရောက်

ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျန်းမာရေးအဆထာက်အကူပြုလုပ်ငန်းများ တိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (Meeting in Health Support Activities)ကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ (၂၉.၉.၂၀၁၉)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် ကျင်းပရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပထမအကြိမ် ကျန်းမာရေးအထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးအကြံပြုချက်များနဲ့ ယနေ့ ဆွေးနွေးချက်များကို အခြေခံကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး အထောက်အကူပြု ဖွဲ့စည်းရေး၊ ရုံးအဖွဲ့မှူးခန့်ထားရေး၊ ထောက်ပံမှုပေးနိုင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေရရှိရန်အတွက် ရပ်ရွာအတွင်းရှိ ပြည်သူလူထုနှင့် စိတ်ပါဝင်စားသူများကို စည်းရုံးပြီး လစဉ်ပုံမှန် အလှူငွေ ကောက်ခံခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းများ ပြုလုပ်သင့်ကြောင်း၊ မြို့နယ်အလိုက်ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လူနာများအား မည်သို့ထောက်ပံ့မည်ကို ဆွေးနွေးထားသင့်ကြောင်း၊ ဒီလုပ်ငန်းစဉ်သည် ကျန်းမာရေးထောက်ပံ့မှုပေးသူများ ကြောင့်ကြကင်းစွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အဆထာက်အကူပြုမည့်အပြင် လူနာများ၏ ရရှိစေရေးအတွက်လည်း တစ်စိတ်တစ်ဒေသအားဖြင့် ကူညီပေးနိုင်မည်ဖြစ်ကာ အလွန်မွန်မြတ်လှပါသဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြရန်နှင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးများက ကျန်းမာရေး အဖောက်အကူပြု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ကျန်းမာရေးအထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ ရလာဒ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ ကျန်းမာရေး အဖောက်အကူပြု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

01-Oct-2019