ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဒုတိယအကြိမ်မြောက် ဝယ်ယူဖြည့်တင်းသည့် စက်ယန္တရားများအား မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်/မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် စည်ပင်သာယာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လိုအပ်လျက်ရှိသည့် စက်ယန္တရားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဒုတိယအကြိမ်မြောက် ဝယ်ယူဖြည့်တင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို (၂၄.၉.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ပုံရိပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပုံရိပ်ဖြစ်သကဲ့သို့ မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများ၏ စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မှသာ လုပ်ငန်းစွမ်းဆောင်ရည် ပုံရိပ်များ ထင်ရှားပေါ်လွင်လာနိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြည့်တင်းပြီး ဝယ်ယူပေးရခြင်းဖြစ်ကြောင်း၊ ယနေ့ လွှဲပြောင်းပေးအပ်သွားမည့် ယာဉ်/စက်ယန္တရားများမှာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ရန်ပုံငွေကျပ် (၆၁၈.၄)သန်းတန်ဖိုးရှိပြီး မြေတူးစက် (၇.၅)တန် (၄)စီး၊ လမ်းကြိုလမ်းကြားများထဲအထိ ဝင်ရောက်အမှိုက်သိမ်းနိုင်ရန်အတွက် သုံးဘီဆိုင်ကယ် (အမှိုက်သိမ်းယာဉ်) (၅၆)စီး၊ စုစုပေါင်း (၆၀)စီး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေကျပ် (၁.၀၈၂)ဘီလျံနှင့် မြေတူးစက် (မြေ) (၇)စီး၊ အမှိုက်သိမ်းယာဉ် (တစ်ပါ) (၂၀)စီးကို ထပ်မံဝယ်ယူဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးနေသကဲ့သို့ စည်ပင်သာယာရေးလုပ်ငန်းများကိုလည်း မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများအနေဖြင့် ပိုမိုဆောင်ရွက်လုပ်က)စီးကို ထပ်မံဝယ်ယူဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးနေသကဲ့သို့ စည်ပင်သာယာရေးလုပ်ငန်းများကိုလည်း မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများအနေဖြင့် ပိုမိုဆောင်ရွက်လုပ်ကိုင်ကြရမည်ဖြစ်သလို အချိန်မတိုင်ခင် ပျက်စီးယိုယွင်းမှုမရှိအောင် ကြပ်မတ်ထိန်းသိမ်းသွားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာရေးကော်မတီများထံ ယာဉ်၊ ယန္တရားများ ထောက်ပံ့ပေးအပ်ပြီး စည်ပင်သာယာရေးဝန်ကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ယာဉ်၊ စက်ယန္တရားများ၏ စက်စွမ်းရည်နှင့် မောင်းနှင်မှုအား ကြည့်ရှုခဲ့ကြပါသည်။ 

Photo By : Wai Zin
 

24-Sep-2019