ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မူလမြေယာပိုင်ရှင်များထံသို့ ယာယီပုံစံ(၃) မြေယာများပြန်လည်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများအား မူလပိုင်ရှင်များနှစ်နာ ဆုံးရှုံးမှုမရှိစေရန်အတွက် သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေးများကို တစ်လလျှင် အနည်းဆုံး (၂)ကြိမ်ကျင်းပပြုလုပ်၍ အမှုတွဲများအား အင်တိုက်အားတိုက်စိစစ်ဆောင်ရွက်လျက်ရှိကာ ကွင်းဆင်းအထူးအဖွဲ့များဖွဲ့စည်း၍လည်း အောက်ခြေအဆင့်ထိကွင်းဆင်းစိစစ်ရမည့် ကိစ္စရပ်များကို ဗဟိုမြေစစ်ကော်မတီ၏ မူဝါဒ များနှင့်အညီဆောင်ရွက်လျက်ရှိကာ ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မူလမြေယာပိုင်ရှင်များထံသို့ ယာယီပုံစံ(၃) မြေယာများပြန်လည်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကျေးအဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်မြေစစ် ကော်မတီဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊ မူလမြေယာပိုင်ရှင်များနှင့်တောင်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦတင်အောင်ဝင်း က တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်/ ရပ်ကျေး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်အနေဖြင့် ဗဟိုကော်မတီ ပြင်ဆင်ချထားပေးသော မူဝါဒ(၅၂)ချက်နှင့်အညီ သိမ်းဆည်းခံမြေများအားစိစစ်ဆောင်ရွက်လျက်ရှိပြီး မူလပိုင်ရှင်များလက်ဝယ်သို့ လယ်ယာမြေနှင့်အခြားမြေများပြန်လည်ပေးအပ်ခြင်း၊ လျှော်ကြေး/နစ်နာကြေးများပေးအပ်ခြင်းများနှင့် မူလပိုင်ရှင်များ နစ်နာမှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး၊ မှန်မှန်ကန်ကန်ဖြစ်စေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ပေးလျက်ရှိပြီး ကောမတီအဆင့်ဆင့်အနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်အသေးစိပ်တို့ အားရှင်လင်းပြောကြားခဲ့ကာ မြောင်းမြမြို့နယ်အတွင်းရှိ မူလမြေယာပိုင်ရှင်များထံ ယာယီပုံစံ(၃)၊ မြေယာပြန်လည်ပေးအပ်ခြင်းများအား တိုင်းဒေသကြီးဝန်ကြီး/လွှတ်တော်ကိုယ် စားလှယ်များက အသီးသီးပေးအပ်ခဲ့ကြပြီး မူလမြေယာပိုင်ရှင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

( မြောင်းမြမြို့နယ်တွင် ၂၈.၉.၂၀၁၈ ရက်နေ့ တွင် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ (ဝ.၀၂၁)ဧကအားလည်းကောင်း၊၂.၃.၂၀၁၉ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနအမှတ်(၉၃)ခြေလျင်တပ်ရင်းမှ ပြန်လည်စွန့်လွှတ်မြေ (၂၀၉.၈၁)ဧကအားလည်းကောင်း မူလပိုင်ရှင်များလက်ဝယ်သို့ပြန်လည်ပေးအပ်ခဲ့ပြီး ခရီးသွားလာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ အမှုတွဲ(၂)တွဲ ဧကပေါင်း(၅.၃၆၂) ဧကကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင် မူလမြေယာပိုင်ရှင် (၄)ဦးထံသို့ ပြန်လည်စွန့်လွှတ်မြေ(၂.၃၆) ဧကအား ယာယီပုံစံ(၃) မြေယာလုပ်ပိုင်ခွင့်လက်မှတ်များပေးအပ်ခဲ့ပါသည်)

23-Sep-2019