ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ စက်တင်ဘာလ (၂၀)ရက်နေ့၊ နေ့လယ် (၁၃၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကမ်းခြေဒေသရေရှည်တည်တံ့ခိုင်မြဲရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စည်းကမ်းထိန်းသိမ်းရေးစသည့်ကိစ္စရပ်များအား ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဂေါ်ရန်ဂျီကျွန်းဒေသကိုလည်း စနစ်တကျ ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် ကမ်းခြေဆင်းလမ်းများ၊ Plubic Area များ စနစ်တကျရှိစေရေး ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆောင်ရွက်လိုသည့် အချက်များရှိပါကလည်း အကြံပြုတင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီး၏ Event Cleander ရေးဆွဲနိုင်ရေးအတွက် လအလိုက်၊ ဒေသအလိုက်၊ ရက်အလိုက်ပွဲတော်များအား ဌာနဆိုင်ရာများမှ ပူးပေါင်း၍ စုစည်းပေးလိုပါကြောင်း၊ ကော်မတီမှ ကျင်းပသည့် ပုံမှန်အစည်းအဝေးများကိုလည်း မပျက်မကွက် တက်ရောက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၁၉)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ရယူရန် တင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပါသည်။ 

Photo By : Wai Zin
 

20-Sep-2019