ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)တက်ရောက်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ (၁၈.၉.၂၀၁၉)ရက်နေ့ ညနေ (၁၆၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု လျော့နည်းကျဆင်းရေးအတွက် အဆင့်ဆင့်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာစသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး လူကုန်ကူးမှုနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများက ဆက်သွယ်ပေးပို့နိုင်မည့် နည်းလမ်းရှိရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များအားလုံး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နိဂုံချုပ်စကား ပြောကြားခဲ့ပါသည်။  

Photo By : Wai Zin

19-Sep-2019