ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်

မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်မှစတင်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ တည်ဆဲဥပဒေများနှင့်အညီ တားဆီးနှိမ်နှင်းရေးများ ဆောင်ရွက်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီး ဥပဒေပြဋ္ဌာန်းသည့်နေ့ကို မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ကာ ပထမအကြိမ်အဖြစ် (၁၃.၉.၂၀၁၃)ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝှမ်းလုံးကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် သတ္တမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၁၃.၉.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ လူကုန်ကူးမှု (၂၁)မှု အရေးယူဆောင်ရွက်ခဲ့ပြီး လူကုန်ကူးသူ တရားခံပေါင်း (၃၈)ဦးနှင့် လူကုန်ကူးခံရသူပေါင်း (၃၉)ဦးရှိကြောင်း၊ ထို့အပြင် ပြင်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မဖြင့် အရေးယူမှု (၃)မှု၊ လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည့် ဥပဒေဖြင့် အရေးယူမှု (၅)မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်များအရ ဆက်စပ်ဖြစ်ပွားမှုများကို ကြည့်ပါက ဇနီး/မယားပုံစံ၊ သမီးရည်းစားပုံစံ ဟန်ဆောင်ပြီး ပို့ဆောင်ရောင်းစားမှုများ ရှိသကဲ့သို့ သမီးအရင်း၊ ညီမအရင်း၊ တူမအရင်းစသည့် ဆွေမျိုးသားရင်းများကို ရောင်းဝယ်မှုများ တွေ့ရှိရကြောင်း၊ ယခုဆိုရင် ယောကျာ်းလေး အလုပ်သမားများကို ရောင်းစားနေသည်ကို တွေ့ရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသူများ များပြားသည့်အတွက် လူပွဲစားများမှ အရွယ်ရောက်ပြီး အမျိုးသားများအား ပစ်မှတ်ထားကာ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းစက်ေဧရာဝတီတိုင်းဒေသကြီးတွင် ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသူများ များပြားသည့်အတွက် လူပွဲစားများမှ အရွယ်ရောက်ပြီး အမျိုးသားများအား ပစ်မှတ်ထားကာ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းစက်လှေများသို့ ရောင်းစားနေသလို ပြည်တွင်းရေလုပ်ငန်း (ဖျာပုံခရိုင်)တွင်လည်း အများဆုံးတွေ့ရှိကြောင်း၊ အသိ၊ သတိတွေနဲ့ ယှဉ်တွဲပြီး အယုံမလွယ်ကြရန် သတိပေးလိုကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ပေးကြကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ 

13-Sep-2019