ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့နယ်၊ပျဉ်ချဆိပ်အုပ်စု၊ ပျဉ်ချဆိပ်ကျေးရွာရှိ ကွင်းအမှတ် (၁၀၀၁/၉၉၉) ၊ ဦးပိုင်ပေါင်း(၇၆)ခုတွင် တောင်သူ(၄၃)ဦးတို့၏ လယ်မြေ (၃၁၆.၀၀)ဧကနှင့် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ ကွင်းအမှတ်(၈၉၄/က)၊ ဦးပိုင်ပေါင်း(၄)ခုတွင် တောင်သူ(၄)ဦးတို့၏ လယ်မြေ (၄)ဧကတို့၌ အဆင့်မြင့်နည်းပညာသုံး ဆန်စပါးစိုက်ပျိုးမှုအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ စပါးကျီတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေမှန်၊ မျိုးမှန်၊စိုက်ပျိုးရေးနည်းစနစ်များ မှန်ကန်၍ တောင်သူများသီးနှံအထွက်တိုးပြီး ဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ စံပြစိုက်ခင်းများပြုလုပ်၍ ဒေသခံတောင်သူများ စိုက်ပျိုးရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ( ၁ )ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ကျုံပျော်မြို့နယ်၊ပျဉ်ချဆိပ်အုပ်စု၊ ပျဉ်ချဆိပ်ကျေးရွာရှိ ကွင်းအမှတ် (၁၀၀၁/၉၉၉) ၊ ဦးပိုင်ပေါင်း(၇၆)ခုတွင် တောင်သူ(၄၃)ဦးတို့၏ လယ်မြေ (၃၁၆.၀၀)ဧကနှင့် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ ကွင်းအမှတ်(၈၉၄/က)၊ ဦးပိုင်ပေါင်း(၄)ခုတွင် တောင်သူ(၄)ဦးတို့၏ လယ်မြေ (၄)ဧကတို့တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ ထူထောင်၍ သက်လျင်/သက်လတ်စပါးမျိုးများ မျိုးယှဉ်ပြိုင်စိုက်ပျိုးထားရှိမှု၊ စပါးခွံမြေဆွေးထည့်သွင်းစမ်းသပ်စိုက်ပျိုးထားရှိမှု၊သစ်စိမ်းမြေ
သြဇာ ထည့်သွင်းစမ်းသပ်စိုက်ပျိုးထားရှိမှု၊ ထုံးစမ်းသပ်ထည့်သွင်းစိုက်ပျိုးထားရှိမှု၊ SRI စနစ်၊ ဘောင်ပျိုးစနစ်၊ ကြဲခင်းစနစ်၊ Seeder စနစ်စသော စိုက်နည်းစနစ်(၄)မျိုး စိုက်ပျိုးမှုအပေ အထွက်နှုန်းကွာခြားမှုအား တောင်သူများ နှိုင်းယှဉ်သိရှိနိုင်ရန် စိုက်ပျိုးထားရှိမှု အခြေအနေများအား လှည့်လှယ်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်မှန်ကန်၍ စပါးအထွက်နှုန်းတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

02-Sep-2019