ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှု ထူးချွန်ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်အတွက်အားထားရသော လူရည်ချွန်မောင်မယ်များ မွေးထုတ်ပေးနိုင်ရေးနှင့် နောင်မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူများ/ လူငယ်လူရွယ်များ အတုယူကောင်းများရရှိ၍ ကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေရန်ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှုထူးချွန်ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား နှစ်စဉ်ဂုဏ်ပြုဆုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကာ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊နံနက် (၀၉၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမတွင်၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှု ထူးချွန်ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ဟတိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ ပညာရေးဌာနမှကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျုံပျော်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ပညာရည်ချွန်ဆုနှင်းသဘင်”တေးသီချင်းအားဂုဏ်ပြုသီဆို၍ အခမ်းအနား ကိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပြီး နောင်အနာဂတ်တွင် အရည်အချင်းမြှင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေပြီး ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်မှုအရည်အသွေးနှင့် အတွေးအခေါ်မြင့်မားရေး၊ ကျောင်းဥပဓိရုပ် တိုးတက်ကောင်းမွန်ရေးတို့အတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ လူမှုရေးအဖွဲ့ အစည်းများ၊ စေတနာရှင်များနှင့် မိဘပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြဖို့ ဖိတ်ခေါ်ပါကြောင်း၊ ကလေးများပညာကို ကြိုးစားသင်ယူလိုစိတ်ဖြစ်ပေါ်လာစေရန်အတွက် ယခုလိုဂုဏ်ပြုပွဲများကိုကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ထူးချွန်ဆုရကျောင်းသား / ကျောင်းသူများအနေဖြင့်လည်း ညီငယ်/ညီမငယ်များအတွက် စံနမူနာပြဖြစ်စေမည့်သူများဖြစ်အောင် ဒီထက်မကထူးချွန်ထက်မြက်သူများ ဖြစ်အောင် ဆက်လက်ကြိုးစားကြဖို့တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ အရည်အသွေးမြင့်မားရေးတွင် ဆ ရာ/ဆရာမများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါသဖြင့် ဆရာ/ဆရာများအနေဖြင့် ခေတ်စနစ်ကို မျက်ခြေအပြတ်မခံဘဲ ထာဝရလေ့လာသင်ယူပြီး ကြိုးစားသင်ကြားကြရန်နှင့် မိမိတို့ရရှိထားသော အသိပညာ / အတတ်ပညာဗဟုသုတများကို အနာဂတ်သားကောင်း/သမီးမွန်များအား လက်ဆင့်ကမ်းပေးနိုင်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် ဒီမိုကရေစီနိုင်ငံ တော်သစ်တည် ဆောက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ကျရာအခန်းကဏ္ဍကနေ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားပေးကြပါရန်နှင့် ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ထူးချွန်ထက်မြက်၍ ပညာအရည်အချင်းပြည့်ဝသော နိုင်ငံတော်မှ အားထားရသည့် သားကောင်း/သမီးကောင်းများအား မွေးထုတ်ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း၍ နိဂုံးချပ်အမှာစကားပြောကြားခဲ့ပြီး ကျုံပျော်မြို့၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ထာဝရသစ္စာ”သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ထို့နောက် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားမှုထူးချွန်ဆရာ/ ဆရာမများ နှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားဝန်ကြီးဂါ့မိုးမြတ်မြတ်သူ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ/ ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား အသီးသီးဆုချီးမြှင့်ခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်လက်ပေးအပ်ခဲ့ကြပြီးအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “မမပုသိမ်သူ”တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ (၆)ဘာသာဂုဏ်ထူးရှင် မဟန်နီသော်နှင့် တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲ၌ ပထမရရှိသော(၅)ဘာသာ ဂုဏ်ထူးရှင် မသဇင်ဝင်းတို့က ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးအခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။ (ကျုံပျော်မြို့နယ်၏ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၃၄.၀၃%ဖြစ်ပြီး အခမ်းအနားတွင် (၆)ဘာသာဂုဏ်ထူး ရှင် (၁)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၄)ဘာ သာဂုဏ်ထူးရှင်(၅)ဦး၊(၃) ဘာသာဂုဏ်ထူးရှင်(၅၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၃၈) ဦးတို့အား ရွှေသားဆု ၁၈၆၀၀၀၀ိ/-၊ ငွေသားဆု ၅၈၅၆၀၀၀ိ/-၊ ဂုဏ်ပြုကဒ်နှင့်ဆုတံဆိပ် ၁၉၃၀၀၀၀ိ/-စုစုပေါင်း ၉၆၄၆၀၀၀ိ/-(ကိုးဆယ့်ခြောက်သိန်းလေးသောင်းခြောက်ထောင်ကျပ်တိတိ)အားဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်)
02-Sep-2019