ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်၍ အဆင့်မီအားကစားသမားများပေါ်ထွန်းလာရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပ၍ အားကစားလောက တိုးတက်ဖွံ့ဖြိုးလာအောင်ဆောင်ရွက်လျက်ရှိကာ (၂၀.၈.၂၀၁၉) ရက်နေ့မှစ၍ မြောင်းမြမြို့၊ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော၂၀၁၉ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့် ခြင်းအခမ်းအနားကို (၃၀.၈.၂၀၁၉) ရက်နေ့ (၁၄၃၀)အချိန်တွင် မြောင်းမြမြို့၊မြို့မအားက စားကွင်းတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အားက စားနည်းပြများနှင့်ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ၊ဖိတ်ကြားထား သောဧည့်သည်တော်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဗိုလ်လုပွဲအဖြစ် ပုသိမ်ခရိုင်ကိုယ်စားပြု အသင်းနှင့် လပွတ္တာခရိုင်ကိုယ်စားပြုအသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တတိယဆုရရှိသော မြောင်းမြ
ခရိုင်ကိုယ်စားပြုအသင်းမှ အားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးနေဝင်းကတစ်ဦးချင်း ဆုနှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသောပုသိမ်ခရိုင်ကိုယ်စားပြုအသင်းမှ အား ကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကတစ်ဦးချင်းဆုနှင့်ငွေသားဆုများအား လည်းကောင်း၊ ပထမဆုရရှိသော လပွတ္တာခရိုင်ကိုယ်စားပြုအသင်းမှ အားကစားသမားများအားတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက တစ်ဦးချင်းဆုနှင့် ငွေသားဆုများအားလည်းကောင်း၊ နေရာအလိုက်အကောင်း ဆုံး အားကစားသမားဆုရရှိသူများအား တိုင်း ဒေသကြီးတရားလွှတ်တော်၊တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်းမှ အကောင်းဆုံးဆုဖလားနှင့်ငွေသားဆုတို့အား လည်းကောင်း၊ ပထမဆုရရှိသော လပွတ္တာခရိုင်ကိုယ် စားပြုအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ တံခွန်စိုက်ဆုဖလားအားလည်းကောင်းအသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

02-Sep-2019