ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၁)ကြိမ်မြောက်ဝါဆိုခြင်းပွဲတော်သို့ တက်ရောက်ခဲ့ပြီး မြန်မာရိုးရာခြင်းလုံး ခတ်ကစားနေမှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၈.၂၀၁၉)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရအဖွဲ့အတွင်းရေးမှူး ၊ လွှတ်တော်ကိုယ်စားလှယ်များ။ ဌာနဆိုင်ရာများနှင့်အတူ (၁၁)ကြိမ်မြောက်ဝါဆိုခြင်းပွဲတော်ကျင်းပပြုလုပ်လျက်ရှိသော ပုသိမ်မြို့။ မြို့မခြင်းလုံးအားကစားရုံသို့ ရောက်ရှိကာ မြန်မာရိုးရာခြင်းလုံး ခတ်ကစားနေမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Photo By : Wai Zin

26-Aug-2019