ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာရှိ ကျုံတနီး အထကကျောင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ တင်ပြချက်များနှင့် ပြည်သူများ၏လိုအပ်ချက်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများနှင့်ထိတွေ့ပြီးပြည်သူများ ၏လိုအပ်ချက်များအား လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိပြီး (၂၄.၈.၂၀၁၉)ရက်နေ့၊ မွန်းလွှဲ (၁၃၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်၊ကျုံတနီးကျေးရွာရှိကျုံတနီးအထကကျောင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ/ဒုဥက္ကဌ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ပညာရေး/ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ စိုက်ပျိုးရေး/မွေးမြူရေးနှင့် စီးပွှားရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ လျှပ်စစ်မီးရရှိရေးကိစ္စ၊ကျောင်းအဆင့်တိုးမြှင့်နိုင်ရေးကိစ္စ၊စွန့်လွှတ်မြေများပြန်လည်ရရှိရေးကိစ္စ၊သရောသာအင်းရိုး၊အိုင်ကြီးချောင်းရေမြောင်း၊ပြင်ကသာအုပ်စုနှင့်အကျော်အုပ်စုကြားရှိရေမြောင်း၊မဲပိတ်တူးမြောင်းများအားပြန်လည်တူးဖော်ပေးစေလိုခြင်းကိစ္စ၊ကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ်အဆင့်တိုးမြှင့်ပေးစေလိုခြင်းကိစ္စ၊ဆကာကြီး-ဥတိုလမ်းအား ကွန်ကရစ်လမ်းအဖြစ်အဆင်မြှင့်တင်ပေးစေလိုခြင်းကိစ္စ၊စံကင်းဖြတ်တာအတွက်လျော်ကြေးပေးစေလိုခြင်းကိစ္စ၊စိုက်ပျိုးရေးသုံး သွင်းအားစုများ အရည်အသွေးကောင်း၍ ဈေးနှုန်းချိုသာစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ ဈေးသစ်ဆောက်လုပ်ပေးစေလိုခြင်းကိစ္စ၊အထက ကျုံတနီးကျောင်းတွင် တိုးချဲ့ဆောင်ချထားပေးစေလိုခြင်းကိစ္စ၊ဓနုဖြူမြို့သို့ဖြတ်သန်းစီးဆင်းသော ဗောဓိချောင်းအား ပန်းတနော်မြို့အနီးတွင် ၂နေရာပိတ်ထားခြင်းအား ဖွင့်ပေးစေလိုခြင်းကိစ္စ၊ကလေးသူငယ်ဥပဒေအားပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ရေလုပ်သားအစုအဖွဲ့အား ငွေထုတ်ချေးစေလိုခြင်းကိစ္စ၊ နှဲကောတမံဖြတ်ပိတ်သည့်ရေတံခါးအား အရှင်ထားပေးရန်ကိစ္စ၊ ယစ်မျိုးလိုင်စင်များနှင့်ညီညွှတ်မှုရှိမရှိစိစစ်အရေးယူပေး စေလိုခြင်းကိစ္စ၊ ကျုံတနီးစက်မှုသီးနှံစွန့်လွှတ်မြေ(၃၃၅)ဧကတွင် ဝင်ရောက်ကျုးကျော်၍ မင်းမဲ့စရိုက်ဆန်ဆန် ပြုမှုဆောင်ရွက်နေခြင်းအားစိစစ်ဆောင်ရွက်ပေးစေလိုခြင်းကိစ္စများအားတင်ပြမေးမြန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

26-Aug-2019