ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်၍ အဆင့်မီအားကစားသမားများပေါ်ထွန်းလာရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပ၍ အားကစားလောက တိုးတက်ဖွံ့ဖြိုးလာအောင်ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့၊ (၁၄၃၀)နာရီအချိန်တွင် မြောင်းမြမြို့၊ ပြည်သူ့အားကစားကွင်းတွင် ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားနည်းပြဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒေသခံပြည်သူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများ၏ စစ်ကြောင်းမှူးကဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်း၊ တန်းအပ်ခြင်းမျာ းဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးအားကစားသည် ကမ္ဘာတွင် Global Sport လို့ပြောရလောက်အောင် လူကြိုက်များသော ကစားနည်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှာလည်း လူကြိုက်များသော National Sport တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာအဆင့်မီ အားကစားသမားများ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရိုးသားသန့်ရှင်းစွာ ယှဉ်ပြိုင်ကြရန်နှင့် အားကစားသမားကောင်းတစ်ဦး၏ဂုဏ်သိက္ခာနဲ့လျော်ညီစွာ ပြုမူနေထိုင်ကျင့်ကြံကြရန်နှင့် အားကစားလောကဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားသမားများတွင်မရှိမဖြစ်လိုအပ်သော စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆိုတဲ့ အချက်(၅)ချက်ဖြင့် ပြည့်စုံအောင်လေ့ကျင်ပျိုးထောင်ကြရန်နှင့် နိုင်ငံကိုယ်စားပြု ဘောလုံးအားကစားသမားကောင်းများဖြစ်အောင်ကြိုးစားကြဖို့ တိုက်တွန်းပြောကြား၍ ၂၀၁၉ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအားဖွင့်လှစ်ပေးအပ်ခဲ့ပြီး အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ကာ ပြိုင်ပွဲဝင်အသင်းများကကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး မြောင်းမြခရိုင်ကိုယ်စားပြု အသင်းနှင့် ဟင်္သာတခရိုင်ကိုယ်စားပြုအသင်းတို့မှ စတင်ယှဉ်ပြိုင်ကစားခဲ့မှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

Photo By : Wai Zin

21-Aug-2019