ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားသောဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးအား ဖွံ့ဖြိုးတိုးတက်လာစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးမြင့်ဆောင်ရွက်နိုင်ရန်အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုခွဲဝေခွင့်ပြုရန်ပုံငွေ(၃၄၀၀.၅၇၉) ကျပ်သန်းဖြင့် မြောင်းမြသူနာပြုသင်တန်းကျောင်းအား တည်ဆောက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့၊ (၁၂၃၀)နာရီအချိန်တွင် အဆိုပါသူနာပြုသင်တန်းကျောင်းသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့သည် တာဝန်ရှိသူများလိုက်ပါလျက် သူနာပြုသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများဖြင့်တွေ့ဆုံခဲ့ရာ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သူနာပြုသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် သင်တန်းကျောင်းဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်အခက်အခဲများအား တင်ပြဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကျောင်းကြီးအား တာဝန်အရဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ စေတနာ၊ အနှစ်နာများဖြင့် ဝတ္တရားရှိသကဲ့သို့ခံယူ၍ အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်းပြည့်မီကျော်လွန်စွာဖြင့် သမိုင်းတွင်ကျန်ရစ်စေမည့် အဆောက်အဦကြီးအား အကြံကောင်းများစွာဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်သွားကြရန် လမ်းညွန်မှာကြားခဲ့ပါသည်။

(မြောင်းမြသူနာပြုသင်တန်းကျောင်းအား ၂၀၁၈ -၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုခွဲဝေခွင့်ပြု ရန်ပုံငွေ (၃၄၀၀.၅၇၉)ကျပ်သန်းဖြင့် Lot(၆)ခု ခွဲခြား၍ 25th Group၊ ဟန်မြင့်မိုရ်၊ Treasure Power၊ ဥမ္မာဧရာ၊ Top Hope ၊သော်ဇင်သန့် စသောကုမ္ပဏီ(၆)ခုမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံး ပျမ်းမျှ (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိကြောင်းသိရှိရပါသည်)

Photo By : Wai Zin

21-Aug-2019