ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးနှင့် ဒေသအလိုက် လိုအပ်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးမြှင့်တင်မှုအစီအစဉ်နှင့် ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းများ တွင် မိဘပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေရန် ကလေးများ ပညာကြိုးစားသင်ယူလိုသော စိတ်ဓာတ်ကောင်းများရရှိစေပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ပုသိမ်မြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ (၁၄.၈.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဆုရ ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း မိမိတို့ ရရှိတဲ့ဆုများသည် တန်ဖိုးအားဖြင့် မပြောပလောက်သော်လည်း ကိုယ့်ဘဝအတွက် ကိုယ့်တိုင်းအတွက် ကိုယ့်နိုင်ငံအတွက် အနာဂတ်ကာလများမှာ အဖိုးထိုက်တန်မည်ဟု ယုံကြည်စေချင်ကြောင်း၊ ဆက်လက်အပြီးလည်း မိမိမှာရှိတဲ့ အင်အားများကို မှန်ကန်တဲ့နေရာမှာ အသုံးချပြီး ကိုယ့်တိုင်းပြည်ကြီး ထာဝရဖွံ့ဖြိုးတိုးတက်အောင် တစ်ထောင့်တစ်နေရာရာက ပါဝင်ကြရန် အလေးအနက် တိုက်တွန်းပါကြောင်း၊ ကျန်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ အစ်ကို အစ်မများကို နည်းနာယူပြီး ကြိုးစားကြရန် တိုက်တွန်းပါကြောင်း၊ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ လက်ဝယ်တွင်ရှိကြောင်း၊ နောင်တ်ချိန်တွင် တိုင်းပြည်၏ တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အရည်အသွေးပြည့်ဝနေပြီး ကိုယ်ကျင့်တရား ပြည့်စုံရန် နိုင်ငံကြီးသားပီသရန် လိုအပ်ကြောင်း၊ အားလုံးတက်ညီလက်ညီ ကြိုးစားကြရန် တိုက်တွန်းကြောင်း ပြောကြားပါသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၆)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၁)ဦးနှင့် သင်ကြားပြသပေးသော ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ 

Photo By : Wai Zin

14-Aug-2019