ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းအုပ်စုရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော မြေယာလျော်ကြေး/နစ်နာကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများနှင့် တောင်သူများနှစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများအား ပြန်လည်စွန့်လွှတ်ထားရှိမှုအပေါ်ပြည်သူများလက်ဝယ်သို့ပြန်လည်ရရှိရေးနှင့်နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တောင်သူ/ ပြည်သူများလက်ဝယ်သို့ သိမ်းဆည်းခံမြေများပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေးများကိုလည်း တစ်လလျှင် နှစ်ကြိမ်ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ခုနှစ် သြဂုတ်လ(၇)ရက်နေ့ နံနက်(၁၀၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ 
ကဝဲညောင်ချောင်းအုပ်စုရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော မြေယာလျော်ကြေး/နစ်နာကြေးငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊GTI ကျောင်းအုပ်ကြီးနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကဝဲညောင်ချောင်းအုပ်စု လယ်ယာမြေနှင့်အခြားမြေများသိမ်း ဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဝင်များ၊နိုင်ငံရေးပါတီများ၊ မြေယာလျော်ကြေး/ နစ်နာကြေးလက်ခံမည့် တောင်သူများနှင့်မိသားစုဝင်များတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင်သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများအတွက် တောင်သူ/ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြေ/စစ်ကော်မတီအဆင့်ဆင့်တို့မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီး ၁၉၈၉-၁၉၉၀ခုနှစ်ခန့်တွင် ပညာရေးဝန်ကြီးဌာနမှ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့သော မြေယာများတွင် တောင်သူ(၁၈)ဦး၏ လုပ်ပိုင်ခွင့်ရသော လယ်မြေဧရိယာ(၅၄.၆၉)ဧက ပါဝင်ခဲ့ပြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်သို့ တင်ပြခဲ့မှုအပေါ် ကော်မတီအဆင့်ဆင့်တို့မှ ဗဟိုမြေစစ်ကော်မတီမှချမှတ်ထားသော လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီစိစစ်ဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းမြေ(၅၄.၆၉) ဧကအနက် (၅၁.၆၇)ဧကအတွက် မြေယာလျော်ကြေး ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ကျန်ရှိသော (၃.၀၂)ဧကကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပြန်လည်စွန့်လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင် မူလတောင်သူ(၁၈)ဦးသို့ လျော် ကြေးငွေ ၁၀၃၃၄၀၀၀၀ိ/-(ကျပ်တစ်ထောင့်သုံးဆယ့်သုံးသိန်းလေးသောင်းတိတိ)အားပေးအပ်သွားမှာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများအား ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်တို့အားဖွဲ့စည်း၍ မအမြန်ဆုံးလက်ရောက်ပေးအပအင်တိုက်အားတိုက်ဆောင်လျက်ရှိပါကြောင်းနှင့်နောင်အနာဂတ်ရဲ့လ်လျက်ရှိပါကြောင်းနှင့်နောင်အနာဂတ်ရဲ့လူရည်ချွန်များပေါ်ထွန်းရန်အတွက်ူဝါဒများနှင့်ကိုက်ညီသည့် သိမ်းဆည်းခံမြေများအား မူလတောင်သူများထံ  ယခုကဲ့သို့သော အစိုးရစက်မှုလက်မှုမြေယာများအတးဖွင့်လှစ်ရန် လိုအပ်သော မြေယာများအတွက်လယ်ယာမြေပိုင်ရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ကျောင်းအုပ်ကြီးတို့မှသိမ်းဆည်းခံတောင်သူများအား မြေယာလျော် ကြေး/နစ်နာကြေးငွေများအား အသီးသီးပေးအပ်ခဲ့ပြီး မြေယာလျော်ကြေး နှင့်နစ်နာကြေးငွေလက်ခံရရှိသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

07-Aug-2019