ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးကျေးရွာရှိ အဘယာရာမဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ တင်ပြချက်များနှင့် ပြည်သူများ၏လိုအပ်ချက်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများနှင့်ထိတွေ့ပြီးပြည်သူများ ၏လိုအပ်ချက်များအား လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့ (၄.၈.၂၀၁၉)ရက်နေ့၊ မွန်းလွှဲ (၁၃၃၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးကျေးရွာရှိ အဘယာရာမဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ပညာရေး/ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ စိုက်ပျိုးရေး/မွေးမြူရေးနှင့် စီးပွှားရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မူခင်းဖြစ်ပွှားမှုအခြေအနေများ အားရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး မူခင်းများအား ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် သတင်းပေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ မင်းမနိုင်အုပ်စု၊ ချောင်ကြီးအုပ်စု၊ ကောက်ကြီးကုန်းအုပ်စု၊ ထောက်ရှာအုပ်စု၊ ဘုရားကြီးကုန်းအုပ်စု၊ ရှမ်းရွာအုပ်စုနှင့် ကျားကိုက်ချောင်းအုပ်စုများမှ ဒေသခံပြည်သူများမှ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ တိမ်ကောနေသော ရေမြောင်းနှင့်တူးမြောင်းအား ပြန်လည်တူးဖော်ပေးစေလိုခြင်းကိစ္စ၊ နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် တိမ်ကောနေသောရေမြောင်းနှင့် မြောင်းသစ်ထပ်မံချထားပေးနိုင်ရေးကိစ္စများနှင့် အခြားသောလယ်ယာကဏ္ဍများ၊သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးဆိုင်ရာကိစ္စ၊ ကျေးရွာတိုးချဲ့ ဖွဲ့စည်းခွင့်ရရှိရေးကိစ္စ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍများ၏ လိုအပ်ချက်များအား တင်ပြမေးမြန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

05-Aug-2019