ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတက်ရောက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့်ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို နှစ်စဉ် သြဂုတ်လတစ်လလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမသီတင်းပတ်ကို မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယသီတင်းပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထသီတင်းပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရ ဖြည့်စွက်ရေး ရက်သတ္တပတ်ဟူ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် ဆောင်ပုဒ်မှာ အာဟာရတွင် မြှုပ်နှံကာ၊ လက်တွဲတူညီ ဆောင်ရွက်ပါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ ဟု ဆောင်ပုဒ်ကို သတ်မှတ်ထားပြီး ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၉ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ တိုင်းဒေသကြီးကျန်းမာရေး/ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၂.၈.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အာဟာရဖွံ့ဖြိုးရေး၏ အရေးပါပုံကို နိုင်ငံတော်အကြီးအကဲများ၊ ဆက်စပ်ဌာနများနှင့် ပြည်သူလူထုမှ ပိုမိုသတိပြုမိလာပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန် မျှော်မှန်းကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူအများစုတွင် အာဟာရချို့တဲ့ခြင်း၊ အာဟာရလွန်ကဲခြင်း ပြဿနာများနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှု အခံစားရဆုံးသော အုပ်စုများဖြစ်ကြောင်း၊ အာဟာရချို့တဲ့ရခြင်းမှာ ငယ်စဉ်ကစပြီး အာဟာရဆိုင်ရာအသိပညာနည်းပါးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များတွင် လွဲမှားသည့်ရှေးရိုးစွာ အစားအစာ စားသုံးမှု ဓလေ့ထုံးစံများ လွှမ်းမိုးလျက်ရှိခြင်း၊ ပြည်သူလူထုအတွင်း အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ချက်ပြုတ်တတ်မှု အားနည်းနေသေးခြင်း၊ အာဟာရပြည့်ဝမျှတသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးတတ်မှု နည်းပါးသေးခြင်း၊ အာဟာရပြည့်ဝမျှတသော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးတတ်မှု နည်းပါးသေးခြင်း၊ အချို့သော ကူးစက်ရောဂါများနှင့် နာတာရှည်ရောဂါများ ခံစားနေရခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်း အစပါးသေးခြင်း၊ အာဟာရပြည့်ဝမျှတသော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးတတ်မှု နည်းပါးသေးခြင်း၊ အချို့သော ကူးစက်ရောဂါများနှင့် နာတာရှည်ရောဂါများ ခံစားနေရခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်း အစားအစာရရှိနိုင်မှုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ ရာသီဥတု အခြေအနေနှင့် လူမှုစီးပွားရေး အခြေအနေများကလည်း ပြည်သူလူထု၏ အာဟာရ အခြေအနေကို လွှမ်းမိုးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ အသက် (၅)နှစ်အောက် ကလေးများတွင် (၃၇.၉)ရာခိုင်နှုန်းသည် ပုညှပ်နေပြီး (၈.၅)ရာခိုင်နှုန်းသည် ပိန်လှီနေသည်ကို တွေ့ရကြောင်း၊ အသက်ငါးနှစ်အောက် ကလေးများ၏ (၄၆.၄)ရာခိုင်နှုန်း၊ အသက် (၁၅)နှစ်မှ (၅၀)နှစ်အောက် အမျိုးသမီးများ၏ (၄၀.၅)ရာခိုင်နှုန်းသည် သွေးအားနည်းရောဂါခံစားနေရကြောင်း၊ အရည်အသွေး ပြည့်မီသည် အိုင်အိုဒင်းဆား ထုတ်လုပ်စားသုံးမှုအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲတို့နှင့်အတူ ဆားလုပ်ငန်းရှင်များနှင့်ပြည်သူတစ်ရပ်လုံးမှ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါနေသောကြောင့် ဆက်စပ်ဌာနများမှ ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ အားလုံးလက်တွဲညီညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စံပြမိခင်ဆု ရရှိသူများအား ဆုများချီးမြှင့်ပြီး (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်ကျောင်းသူများအား သံဓာတ်ဆေးပြားများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများ တိုက်ကျွေးခြင်းများ ဆောင်ရွက်ကာ အာဟာရဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

Photo By : Wai Zin

02-Aug-2019