စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းကျေးရွာရှိ အဆင့်မြင့်စံပြစက်မှုလယ်ယာ လယ်မြေ(၂၂၀)ဧက ဖော်ထုတ် ပြီးစီးမှုနှင့် အောင်မြင်စွာဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့်သယံဇာတရေးရာ ကော်မတီဝင် ဦးကျော်မျိုးလင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ရွှေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျတို့နှင့်အတူ မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းကျေးရွာရှိ အဆင့်မြင့်စံပြစက်မှုလယ်ယာ လယ်မြေ(၂၂၀)ဧက ဖော်ထုတ် ပြီးစီးမှုနှင့် အောင်မြင်စွာဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီးနောက် မြန်အောင်မြို့ ကမ်းနားတာနှင့်မြစ်ကမ်းတာမိုင်(၆/၇)နှင့် (၇/ဝ)အတွင်း ဧရာဝတီ မြစ်ရေတိုက်စားမှုအခြေအနေနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေတိုက်စားမှုကာကွယ်ထားရှိရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး တာမိုင်(၅/၂)နှင့် (၅/၆)အတွင်း တာလုံးရွှေ့ခြင်းနှင့် မြစ်ရေတက်မှုအခြေအနေများနှင့် ပန်းတာတည်ဆောက်မှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

02-Aug-2019