စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီး၊ ငဝန်မြစ်ကမ်းဘေးရှိဗောဓိကုန်းရေကင်းစခန်းနှင့် ငဝန်တာပြုပြင် ထားရှိမှုအခြေအနေများနှင့် အရေးပေါ်ရေဘေးကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်း ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့်သယံဇာတရေးရာ ကော်မတီဝင် ဦးကျော်မျိုးလင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ရွှေ၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဇေယျတို့နှင့်အတူ အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေ၊ ရေပိုလွှဲမှရေကျော်နေမှုအခြေအနေနှင့် ရေလှောင်တမံဘေးအန္တရာယ်ကင်းရှင်းမှုဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကွင်းဆင်း စစ်ဆေးပြီး အင်္ဂပူမြိုနယ် ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်(၆၆/၅)တွင် ၂၀၁၉ခုနှစ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု စုပေါင်းသစ်ပင်စိုက်ပွဲအထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့သော သစ်တောစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အိပ်ပျက်တာနှင့်ဦးပါရဲတာတို့အား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဇလွန်မြို့နယ် ဒေါင့်ကြီးရေကင်းစခန်းအားကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရေဘေးကာကွယ်ရေးလုပ်ငန်းများမပြတ် သတိပြုရေးနှင့် စုပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးမှာကြားပြီး အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက်(EPP)၏သက်မှတ်ချက်အဆင့်-၁ဆောင်ရွက်ထားရှိမှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပြီး သတ်မှတ်ချက်အဆင့်အလိုက်အသုံးပြုရမည့် ရောင်စုံအလံများအား သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ဆက်လက်၍ ဇလွန်မြို့နယ် သဲကုန်း-ညောင်အိုင် ပန်းတာအသစ်တည်ဆောက်ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီးနောက် ဇလွန်မြို့နယ်ဂေါက်ကွင်းအတွင်းနှင့် ဓနုဖြူမြို့၊ အထက(၂)ကျောင်းဝင်းအတွင်းတို့တွင် ၂၀၁၉ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ အထိမ်းအမှတ်အဖြစ်စိုက်ပျိုးခဲ့သောသစ်တောစိုက်ခင်းအား ဆက်လက်ရှင်သန်စေရန် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာနှင့် ဓနုဖြူ မြို့နယ်၊ နန်းတော်ကုန်းကျေးရွာတို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော မြေဆီလွှာတိုးတက်ကောင်းမွန်စေရန် ထုံးထည့်သွင်းခြင်းစံပြကွက်၊ သစ်စိမ်းမြေသြဇာစိုက်ပျိုး ထည့်သွင်းခြင်းစံပြကွက်၊မျိုးစေ့ထုတ်စိုက်ခင်းနှင့်ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက်များ စိုက်ပျိုးထားရှိမှုတို့အားကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများကို လိုက်နာကျင့်သုံးရေးကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

02-Aug-2019