စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီး၊ ငဝန်မြစ်ကမ်းဘေးရှိဗောဓိကုန်းရေကင်းစခန်းနှင့် ငဝန်တာပြုပြင် ထားရှိမှုအခြေအနေများနှင့် အရေးပေါ်ရေဘေးကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်း ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့်သယံဇာတရေးရာ ကော်မတီဝင် ဦးကျော်မျိုးလင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ရွှေ၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဇေယျတို့နှင့်အတူ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီး၊ ငဝန်မြစ်ကမ်းဘေးရှိဗောဓိကုန်းရေကင်းစခန်းနှင့် ငဝန်တာပြုပြင် ထားရှိမှုအခြေအနေများနှင့် အရေးပေါ်ရေဘေးကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်း ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ လေးမျက်နှာ မြို့နယ်၊ ရွှေဘိုစုရေကင်းစခန်းနှင့် ငဝန်မြစ်ဘေးရှိရေဘေးကာကွယ်ရေးတာများ ပြုပြင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် (EPP)၏ သက်မှတ်ချက်အဆင့်-၁ ဆောင်ရွက်ထားရှိမှုဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး သတ်မှတ်ချက်အဆင့်အလိုက်အသုံးပြုရမည့်ရောင်စုံအလံများအား သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်း ၂၀၁၉ခုနှစ် စိုက်ခင်းဟောင်းများပြန်လည် ဆယ်တင်ခြင်းလုပ်ငန်း ကျွန်းစိုက်ခင်း(၅၅)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးနောက် ကြံခင်းမြို့နယ်၊ ကြံခင်းကြိုးဝိုင်း ၂၀၁၉ခုနှစ် လူထုလှုပ်ရှားမှုဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်အထိမ်းအမှတ်စိုက်ပျိုးခဲ့သော သစ်တော စိုက်ခင်းအားဆက်လက်ရှင်သန်စေရန်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကွန်ချောင်းရေလှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေများနှင့် ရေလှောင်တမံထိန်းသိမ်းမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

02-Aug-2019