ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်ဆုံး ခရိုင်/မြို့နယ်ကျောင်းများနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးနှင့် ဒေသအလိုက် လိုအပ်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိိရာ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွင်း ကျောင်းသား/သူများ၏ ထူးချွန်စွာ စွမ်းဆောင်ချက်များ၊ အောင်မြင်မှုရလာဒ်များနှင့် ပြောင်းလဲတိုးတက်မှုများကို ခရိုင်/မြို့နယ်နှင့် အခြေခံပညာကျောင်းများအလိုက် မိဘပြည်သူများအား ထုတ်ဖော်ပြသနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းများတွင် မိဘပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေရန် ကလေးများ ပညာကြိုးစားသင်ယူလိုသော စိတ်ဓာတ်ကောင်းများရရှိစေပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်ဆုံး ခရိုင်/မြို့နယ်ကျောင်းများနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၂၆.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာ အမျိုးသားပညာရည်မြင့်မားရေး လုပ်ငန်းစဉ်များတွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲဆောင်ရွက်ပေးနေသကဲ့သို့ ကျောင်သားကျောင်းသူများ၏ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးနှင့် အတွေးအခေါ်မြင့်မားရေး၊ ကျောင်းဥပဓိရုပ် တိုးတက်ကောင်းမွန်ရေးအတွက် ဒေသအာဏာပိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များနှင့် မိဘပြည်သူများကလည်း ပံ့ပိုးကူညီလျက်ရှိေ သင်ယူတတ်မြောက်မှု အရည်အသွေးနှင့် အတွေးအခေါ်မြင့်မားရေး၊ ကျောင်းဥပဓိရုပ် တိုးတက်ကောင်းမွန်ရေးအတွက် ဒေသအာဏာပိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များနှင့် မိဘပြည်သူများကလည်း ပံ့ပိုးကူညီလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း၊ ပညာရေးသည် တိုင်းပြည်တစ်ပြည်၏ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး အရှိန်အဟုန်မြှင့် ရှေ့သို့လှမ်းချီနေချိန်တွင် ပညာအားသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ဆရာ/ဆရာမများ၏ စွမ်းရည်မြင့်မားလျှင် မြင့်မားသလို ကျောင်းသား/ကျောင်းသူများ၏ အရည်အသွေး တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများ လွတ်လပ်စွာ တွေးခေါ်မှုမပါဘဲ အလွတ်ကျက်မှတ်ဖြေဆိုသော ပညာခေတ်မဟုတ်တော့ကြောင်း၊ ဆရာ/ဆရာမများသည် ခေတ်နှင့်စနစ်ကို မျက်ခြေဖြတ်မခံဘဲ ထာဝရ လေ့လာသင်ယူပြီး ကြိုးစားနေရမည့်သူများဖြစ်ကြောင်း၊ ကလေးများကိုလည်း ငယ်စဉ်ကပင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ လေ့ကျင့်ပေးထားရန် တိုက်တွန်းလိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင်  တာဝန်ယူကြရမည့် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီအောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပာေဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီအောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးတိုးတက်မြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ပညာရေးဌာနတာဝန်ရှိသူများနှင့် ပညာရေးဝန်ထမ်းများ၊ ပညာရေးနှင့်နှီးနွယ်နေသော ဌာနများ၊ စေတနာရှင်များ၊ အလှူရှင်များ၊ မိဘများ စုပေါင်းအင်အားဖြင့် ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပေးကြရန်နှင့် ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း ထူးချွန်ထက်မြတ်၍ အရည်အချင်းပြည့်ဝသော သားကောင်းသမီးကောင်းများ မွေးထုတ်နိုင်ရန် ကြိုးပမ်းပေးကြရန် တိုက်တွန်းကြောင်းပြောကြားခဲ့ပါသည်။ 

အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ အောင်ချက်အကောင်းဆုံး ခရိုင်ပထမဆုရ ဟင်္သာတခရိုင်၊ ဒုတိယဆုရ ပုသိမ်ခရိုင်၊ တတိယဆုရ မအူပင်ခရိုင်၊ အောင်ချက်အကောင်းဆုံးမြို့နယ် ပထမဆုရ ကြံခင်းမြို့နယ်၊ ဒုတိယဆုရ အင်္ဂပူမြို့နယ်၊ တတိယဆုရ ဓနုဖြူမြို့နယ်၊ အောင်ချက်အကောင်းဆုံ အထကကျောင်း ပထမ၊ ဒုတိယ၊ တတိယဆုများတိယဆုရ ပုသိမ်ခရိုင်၊ တတိယဆုရ မအူပင်ခရိုင်၊ အောင်ချက်အကောင်းဆုံးမြို့နယ် ပထမဆုရ ကြံခင်းမြို့နယ်၊ ဒုတိယဆုရ အင်္ဂပူမြို့နယ်၊ တတိယဆုရ ဓနုဖြူမြို့နယ်၊ အောင်ချက်အကောင်းဆုံ အထကကျောင်း ပထမ၊ ဒုတိယ၊ တတိယဆုများ ၊ အောက်ချက်အကောင်းဆုံး အထက (ခွဲ)ကျော်ငး ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အောက်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်း ပထမ၊ ဒုတိယ၊ တတိယဆုများ၊ နိုင်ငံတော်အဆင့် (၁)မှ (၁၀)အတွင်း ရရှိသူ (၇)ဉီး၊ တိုင်းဒေသကြီးအဆင့် ဘာသာတွဲအလိုက် အဆင့် (၁)မှ (၅)အထိ ရရှိသူ (၁၂)ဦး၊ တိုင်းအဆင့်ဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိသူ (၁၄)ဦး၊ (၆)ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၉)ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Photo By : Wai Zin

26-Jul-2019