ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကျောက်တိုင်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်

အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရမှ အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ (၈.၇.၂၀၁၉)ရက်နေ့မှ စတင်ကျင်းပနေသော ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ (၂၃.၇.၂၀၁၉)ရက်နေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗိုလ်လုပွဲအဖြစ် ပုသိမ်မြို့နယ်နှင့် ဒေးဒရဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးမှ တတိယဆုရရှိသော ကန်ကြီးထောင့်မြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးမှ ဒုတိယဆုရရှိသော ဒေးဒရဲမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့မှ ပထမဆုရရှိသော ပုသိမ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ ပထမဆုရရှိသော ပုသိမ်မြို့နယ်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအားလည်းကောင်း ဆုများချီးမြှင့်ပေးခဲ့ပါသည်။

Photo By : Wai Zin

 

24-Jul-2019