ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၃.၇.၂၀၁၉)ရက်နေ့ နံနက် (၀၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းများပေးဝေခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းခဲ့ပါသည်။ Photo By : Wai Zin
24-Jul-2019