ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကြက်ပေါင်ကျေးရွာအုပ်စု၊ ကြက်ပေါင်ကျေးရွာ၊ ပေါ်တော်မူဘုန်းကြီးကျောင်းဝန်းရှိ ဝိသာခါ ဓမ္မာရုံ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏အသံ၊ ပြည်သူများ၏ တင်ပြချက်ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ပြည်သူများနှင့်ထိတွေ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့ (၂၁.၇.၂၀၁၉)ရက်နေ့၊ နေ့လည် (၁၃၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ကြက်ပေါင်ကျေးရွာအုပ်စု၊ ကြက်ပေါင်ကျေးရွာ၊ ပေါ်တော်မူဘုန်းကြီးကျောင်းဝန်းရှိ ဝိသာခါ ဓမ္မာရုံ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ လုပ်ငန်းဆောင်ရွက်ချက်များ ပြောကြားပါသည်။ ဆက်လက်၍ ကြက်ပေါင်၊ မကျီးကုန်း၊ ဂွေးကုန်း၊ ဦးတိုစသည့် ကျေးရွာအုပ်စု ဒေသခံပြည်သူများမှ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍများ၏ လိုအပ်ချက်များအား တင်ပြမေးမြန်းကြရာ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ပြန်လည်ဖြေကြားခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ လုပ်ငန်းဆောင်ရွက်ချက်များ ဖြည့်စွက်ပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

22-Jul-2019