ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသည့်အပြင် လူသားများ ဖန်တီးသည့် ဘေးအန္တရာယ်များ ဆယ်စုနှစ်တစ်ခုအတွင်း သိသာထင်ရှားစွာ ပိုမိုအဖြစ်များလာသကဲ့သို့ အမျိုးမျိုးသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအား လုပ်ငန်းကော်မတီတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ (၁၇.၇.၂၀၁၉)ရက်နေ့၊ မွန်းလွဲ (၁၄၃၀)နာရီအချိန်တွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။ 
အစည်းအဝေးတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဘက်အတွင်းရေးမှူး ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းကော်မတီတို့မှ အတွင်းရေးမှူးများက ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီးများထက် သဘာဝဘေးပိုမိုခံစားရကြောင်း၊ သဘာဝဘေးဖြစ်နိုင်ခြေရှိသည့် မြို့နယ် (၈)မြို့နယ်မှ အိမ်ခြေ (၈၀၀)ကျော်ကား လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း၊ ဌာနများ/ကော်မတီများမှ လိုအပ်ပါက မိမိထံ တိုက်ရိုက်သတင်းပို့စေလိုကြောင်း၊ အန္တရာယ်ကြီး သေးပေါ်မူတည်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် အစည်းအဝေးကျင်းပပြီး ထောက်ပံ့မှုများ ဆောင်ရွက်စေချင်ကြောင်း၊ ကျန်းမာရေးကိစ္စများ အမြဲသတိထားဆောင်ရွက်စေလိုကြောင်း၊ သတင်းပြန်ကြားရေးမှ အရာရှိတစ်ဦး တာဝန်ပေးပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအလိုက် အမြဲထိတွေ့ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

18-Jul-2019