ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှုထူးချွန်ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် အောင်ချက်ကောင်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူသောကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှုထူးချွန်ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် အောင်ချက်ကောင်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် ဝန်ထမ်းများ၊ဆရာ/ဆရာမများ၊ ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး ဦးကျော်ဝင်းက ဂုဏ်ပြုချီးကျူးစကားပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က သပြေကုန်းကျောင်းမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင်ဂုဏ်ထူးရထူးချွန်ကျောင်းသား/ ကျောင်းသူများ၊အောင်ချက်အကောင်းဆုံးအထက်တန်းကျောင်းများနှင့်အထက(ခွဲ)ကျောင်းများ၊ တစ်ဘာသာချင်းအောင်ချက်အကောင်းဆုံးသင်ပြနိုင်ခဲ့သော ဘာသာရပ်သင် ဆရာ/ဆရာမများအားတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီအစိုးရအဖွဲ့ အတွင်းရေးမှူး၊လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ/ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးဆုချီးမြှင့်ခဲ့ကြကာ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (ဝိဇ္ဇာဘာသာတွဲ)တွင် ဂုဏ်ထူး(၄) ဘာသာဖြင့် မြန်မာတစ်နိုင်ငံလုံးအဆင့်(၈)ဖြင့် အောင်မြင်သော မရွှေရည်ဝင်းလဲ့အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က သပြေကုန်းကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသောအလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့အား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

18-Jul-2019