ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တံတားတည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ချည်းကပ်လမ်းအတွက် မိမိတို့၏ပိုင်ဆိုင်သောလယ်မြေနှင့်ဥယျာဉ်ခြံမြေ (၃.၀၆)ဧကအား လမ်းဦးစီးဌာနသို့ လှူဒါန်းကြသည့် တောင်သူ (၁၂)ဦးအား ဂုဏ်ပြု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်၍ ပြည်သူများ၏ လူမှုစီးပွှားဘဝဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်လျက်ရှိကာ အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူ-ညောင်ကျိုးလမ်းမပေါ်ရှိ ကညင်တပင်တံတားချည်းကပ်လမ်းသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုခြင်း၊ မြေနိမ့်ခြင်းနှင့်မြေကျွံခြင်းများဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများနှင့် မော်တော်ယာဉ်များ သွားလာရာတွင် အန္တရာယ်ကျရောက်နိုင်မှုအပေါ် ပြည်သူလူထုများဘေးအန္တရာယ်မကျရောက်နိုင်ရန်အတွက် တံတားသစ်တစ်စင်း စီမံဆောင်ရွက်လျက်ရှိကာအဆိုပါ တံတားသစ်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ချည်းကပ်လမ်း အလျား (၂၅၀၀)ပေနှင့် အကျယ် (၂၄)ပေအတွက် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ကိုယ်ကျိုးမဖက်ဘဲ မိမိတို့၏ပိုင်ဆိုင်သောလယ်မြေနှင့်ဥယျာဉ်ခြံမြေ (၃.၀၆)ဧကအား လမ်းဦးစီးဌာနသို့ လှူဒါန်းကြသည့် တောင်သူ (၁၂)ဦးအား ဂုဏ်ပြုခြင်းအခမ်းအနားကို၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့၊ (၁၁၃၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ဝန်းတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားအများစုမှာ ကျေးလက်နေပြည်သူများဖြစ်သည်နှင့်အညီ ဒေသခံပြည်သူများ လူမှုစီးပွှားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့်ဘလမ်းပန်ဆက်သွယ်ရေးနှင့်ကျေးလက်လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးစသော လုပ်ငန်းစဉ်များအားဦးစားပေး ဆောင်ရွက်လျက်ရှိကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးများတွင် လမ်းပန်းဆက်သွယ်ရေးသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သောကြောင့် အဓိကထား ဆောင်ရွက်နေမှုများအပေါ် အများအကျိုးရှိစေရန်အတွက် မိမိတို့ပိုင်ဆိုင်သော လယ်မြေနှင့်ဥယျဉ်ခြံမြေများအား လှူဒါန်းကြသည့် တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လေးစားဂုဏ်ယူပါကြောင်းနှင့် ဝမ်းသာပိတိဖြစ်ရပါကြောင်း၊ ကိုယ်ကျိုးမဖက်ဘဲ အနှစ်နာခံ၍ စေတနာကို အခြေခံကာ လှူဒါန်းခဲ့တာကြောင့် ပြည်သူများအတွက်များစွာအသုံးဝင်ပြီး အကျိုးပြုစေမည့် တံတားသစ်တစ်စင်းပေါ်ထွန်းလာတော့မည်ဖြစ်သဖြင့် ပြည်သူများကိုယ်စား အစိုးရအဖွဲ့အနေဖြင့် လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုကြပါကြောင်းပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ လမ်းဦးစီးဌာနမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြေယာလှူဒါန်းသည့်အလှူရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

18-Jul-2019