ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ သင်ကြားမှုထူးချွန်ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် အောင်ချက်ကောင်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်ကောင်းမွန်စေရန် ပညာသင်နှစ်စမှစ၍ စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကာ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ သင်ကြားမှုထူးချွန်ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် အောင်ချက်ကောင်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်အနားသို့ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အင်္ဂပူ - အထကမှ ကျောင်းသား/ကျောင်းသူလေးများက “ပညာပန်းခင်း” သီချင်းအားသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အင်္ဂပူ
မြို့နယ်သည် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃၃.၂၄)ရာနှုန်းရရှိကာ တိုင်းဒေသကြီးတွင် ဒုတိယအဆင့်ရရှိသော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး ဘာသာရပ်အလိုက် အောင်မြင်မှုရာနှုန်းများတွင်လည်း ပထမဆုများအသီးသီးရရှိတာကို တွေ့ရှိရတဲ့အတွက် များစွာဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုလိုအောင်မြင်မှု ရလဒ်များရရှိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်နှင့် ကျောင်းသားမိဘများ၏ကြီးကြပ်မှု၊ ဆရာ/ဆရာမများ၏လုံ့လဝီရိယထားပြီးသင်ကြားမှု၊ ကျောင်းသား/ကျောင်းသူများရဲ့ ကြိုးစားအားထုတ်မှုများကြောင့်သာဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်မှုရလဒ်များရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများအားလုံးအား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဒီထက်မက ထူးချွန်ထက်မြက်သူများအား မွေးထုတ်ပေးနိုင်ရေး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း၊ ကျောင်းသား / ကျောင်းသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင် အရည်အသွေးများ ပိုမိုတိုးတက်စေရန် အစဉ်အမြဲ ဖတ်၊ မှတ်လေ့လာ၍ လေ့ကျင့်မှုမပြတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ပညာရေးစနစ်ကို ဘက်စုံလွမ်းခြုံသော ပညာရေးစနစ်ဖြစ်စေရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ (၂၁)ရာစုတွင်“ပညာသည်သာရတနာ” “ဆရာသည်သာအခရာ” ဖြစ်သည့်အတွက် အရည်အသွေးရှိသော ပညာရေးစနစ်ကို အရည်အသွေးရှိသော ဆရာ/ဆရာမများဖြင့် ညီညီညွှတ်ညွှတ် တာဝန်ယူမှု/တာဝန်ခံမှုများဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း ၊ ကျောင်းသား/ကျောင်းသူများကလည်း နိုင်ငံတော်အတွက် အားကိုးအားထားပြုထိုက်သော နိုင်ငံသားကောင်း/သမီးမွန်များဖြစ်အောင် အစဉ်ကြိုးစားကြပါလို့ တိုက်တွန်းမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဒုတိယဆုရ မောင်ခန့်မောင်မောင်နှင့် ဂုဏ်ထူးရထူးချွန်ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်းများနှင့်အထက(ခွဲ)ကျောင်း များ၊ တစ်ဘာသာချင်းအောင်ချက်အကောင်းဆုံးသင်ပြနိုင်ခဲ့သော ဘာသာရပ်သင် ဆရာ/ဆရာမများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီအစိုးရအဖွဲ့ အတွင်းရေးမှူး၊လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ/ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးဆုချီးမြှင့်ခဲ့ကြကာ အထက(ခွဲ) ဇောင်းတန်းမှ ကျောင်းသား/ကျောင်းသူလေးများက ဗိုလ်ရှုသဘင်တေးသီချင်းဖြင့်ကပြဖျော် ဖြေတင်ဆက်ခြင်း၊ အထက-ထူးကြီးမှ ကျောင်းသား/ကျောင်းသူလေးများက အပြုံးကိုဆောင် တေးသီချင်းဖြင့်ကပြဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

18-Jul-2019