ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ ညနေ (၁၅၃၀)နာရီတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်ဘောလုံးကွင်း၌ ကျင်းပသည့် ၂၀၁၆ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အခမ်းအနားသို့ တက်ရောက်၍ မော်လမြိုင်ကျွန်းမြို့နယ် ဘောလုံးအသင်းနှင့် ဟင်္သာတမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုအား အားပေးကြည့်ရှု့ခဲ့ပါသည်။ မော်လမြိုင်ကျွန်းမြို့နယ် ဘောလုံးအသင်းမှ ဟင်္သာတမြို့နယ်ဘောလုံးအသင်းအား (၅)ဂိုး (၄)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိသည့် မော်လမြိုင်ကျွန်းမြို့နယ် ဘောလုံးအသင်းအား တံခွန်စိုက် ဆုဖလားနှင့်ဆုငွေကျပ် (၃)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

06-Jul-2016