ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ Association for Rengein Tanjo-ji International Cooperation (ARTIC) နှင့်တို့အကြား နားလည်မှု စာချွန်လွှာချုပ်ဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာသော ကျောင်းနေမှုဘဝနှင့် အခြေခံပညာရေးအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ၊ လူထုအတွင်း အသက်မွေးဝမ်းကျောင်း တိုးတက်ကောင်းမွန်စေရေး၊ ရေရှည်ထိရောက်သော ကျောင်းလုပ်ငန်းများ တိုးမြှင့်ပေးရေး၊ ဒေသခံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိရောက်သော ကျောင်းလုပ်ငန်းတိုးမြှင့်ပေးရေး၊ ဒေသခံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ/ဆရာမကောင်းများ ပြုစုပျိုးထောင်ပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ Association for Rengein Tanjo-ji International Cooperation (ARTIC) နှင့်တို့အကြား နားလည်မှု စာချွန်လွှာချုပ်ဆိုပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ရုံး၌ (၁၀.၇.၂၀၁၉)ရက်နေ့၊ နံနက် (၁၂၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Association for Rengein Tanjo-ji International Cooperation (ARTIC) နှင့် The Nippon Foundation တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နားလည်မှု စာချွန်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ Association for Rengein Tanjo-ji International Cooperation (ARTIC) မှ Managing Director Mr.Nobuyuki Hirano နှင့် The Nippon Foundation မှ Executive Director Mr.Yuji Mori တို့မှ လက်မှတ်ရေးထိုးခဲ့ပါသည်။

Photo By : Wai Zin

10-Jul-2019