ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံဦးစီးမှူးများ၊ စိုက်ကွင်းတာဝန်ခံများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့နှင့်အတူ (၉.၇.၂၀၁၉)ရက်နေ့၊ ညနေ (၁၆၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစိုက်ပျိူးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံဦးစီးမှူးများ၊ စိုက်ကွင်းတာဝန်ခံများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသော သီးနှံပုံစံများ ကြိုတင်ရေးဆွဲစေလိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အဓိကထားနေရကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံ၊ အလုပ်ရုံများသည် (၃-၄)နှစ် အချိန်ယူရကြောင်း၊ လယ်ယာကဏ္ဍသာလျင် ချက်ချင်းလက်ငင်းတိုးတက်မှာဖြစ်ကြောင်း၊ အရည်အသွေးကောင်းသီးနှံများထုတ်လုပ်မှသာလျင် ဈေးကွက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် pH နိမ့်သော လယ်များတွင် ထုံးထည့်ခြင်း၊ သစ်စိမ်းမြေသြဇာများအတွက် ပိုက်ဆံလျှော်များ၊ မတ်ပဲများကိုအသုံးပြုခြင်း၊ တိုင်းအတွင်း အမှိုက်အဖြစ်စုပုံနေသော စပါးခွံများ မြေဆွေးပြုလုပ်၍ ပြန်လည်အသုံးချစေလိုကြောင်း၊ စပါးခွံမီးသွေးတောင့်နှင့် လျှပ်စစ်လဲဟထုတ်လုပ်သင့်ကြောင်း၊ ထို့အပြင် မျိုးစေ့ထုတ်တောင်သူများအား စုစည်း၍ မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး ဇုန်အလိုက်ဆောင်ရွက်စေလိုကြောင်း၊ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ ကောက်စိုက်စက်အငှားလိုက်သည့် လုပ်ငန်းများအတွက် လိုအပ်သောချေးငွေစနစ်များ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်များ ဖြစ်ပေါ်လာအောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပီလောပီနံသည် အလားအလာကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်၍ တိုးချဲ့စိုက်ပျိုးရန် စီမံဆောင်ရွက်သင့်ကြောင်း၊ နိဂုံးချုပ်အနေနဲ့ စိုက်ပျိုးရေးနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေကြသော စိုက်ပျိုးရေးကျောင်းပညာရှင်များအနေဖြင့် အဓိကနေရာမှ ပါဝင်နေရ၍ ကြိုးစားကြစေလိုကြောင်း မှာကြားခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Photo by : Wai Zin

 

 

10-Jul-2019