ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့အတွင်းရှိ ကွန်ကရစ်လမ်းများ ဖွင့်လှစ်ခြင်းနှင့် ပါရမီလူမှုကူညီရေးအသင်းသို့ အောက်ဆီဂျင်ဗူးများ လှူဒါန်းခြင်း အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွှားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း အစိုးရအနေဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိကအနေဖြင့်သော်လည်းကောင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအကျိုးအတွက် လူမှုရေးစိတ်ဓာတ်ကိုအခြေခံလျက် တာဝန်သိမှု (CSR)အစီအစဉ်များဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကာ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ ၀၇၀၀အချိန်တွင်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မြန်အောင်ရေနံမြေမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု(CSR)အစီအစဉ်ဖြင့်ဆောင်ရွက်သော ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းနားအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြန်အောင်ရေနံမြေမှ တာဝန်ရှိသူများ၊MGCTကုမ္ပဏီမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်အောင်ရေနံမြေမှ အထွေထွေမန်နေဂျာဦးလှမျိုးထွန်းက ပြည်တော်သာကျေးရွာကွန်ကရစ်လမ်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ ပြည်တော်သာကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အဆိုပါလမ်းအား တိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်အောင်ရေနံမြေမှအထွေထွေမန်နေဂျာတို့က ဖွင့်လှစ်ပေးအပ်ခဲ့ပြီး၊ မြန်အောင်ရေနံမြေအထွေထွေမန်နေဂျာက လမ်းဖြစ်မြောက်ရေးကော်မတီထံ ကွန်ကရစ်လမ်းနှင့်ပတ်သက်သည့်အချက်အလက်များအားလွှဲပြောင်းပေးအပ်ခဲ့ကာ လမ်းဖြစ်မြောက်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ မြန်အောင်ရေနံမြေအထွေထွေမန်နေဂျာက တက်ရောက်လာကြသောဧည့်သည်တော်များအား လမ်းဖွင့်ပွဲအမှတ်တရအထိမ်းအမှတ်အလံများပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှူ စစ်ဆေးခဲ့ပါသည်။
(မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ ပြည်တော်သာ ကွန်ကရစ်လမ်းမကြီးအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မြန်အောင်ရေနံမြေမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR)ရံပုံငွေ ကျပ်သိန်း (၅၆၀)ဖြင့် (၁၂)ပေအကျယ် အရှည် (၃၁၅၀)ပေနှင့် ကျေးရွာနေပြည်သူများထည့်ဝင်ငွေ ကျပ်သိန်း (၉၀)ဖြင့် ကျန်ရှိသောလမ်းအရှည် (၆၀၀)ပေ စုစုပေါင်း (၃၇၅၀)ပေအား MGCT ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။)

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ၀၈၀၀အချိန်တွင် ဟင်္သာတခရိုင်၊မြန်အောင်မြို့ အမှတ် (၃)ရပ်ကွက်ရှိ ပါရမီလူမှုကူညီရေးအသင်းရုံးတွင် ကျင်းပပြုလုပ်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်အောင်ရေနံမြေမှ ၂၀၁၈/၂၀၁၉ခုနှစ် (CSR)ဖြင့် အောက်ဆီဂျင် (၄၀)လီတာ(၁၀)လုံးနှင့်(၁၀)လီတာ(၁၀) လုံးအား ပါရမီလူမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်အောင်ရေနံမြေမှအထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းတို့က အောင်ဆီဂျင်အိုးများအား ပါရမီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့ထံပေးအပ်လှူဒါန်းခဲ့ပြီး၊ ပါရမီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ကတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာအားပြန်လည်ပေးအပ်ခဲ့ကာ လူမှုကူညီရေးအသင်းနာယက ဦးမောင်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မြန်အောင်ရေနံမြေမှ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု(CSR)အစီအစဉ်ဖြင့်ဆောင်ရွက်သော ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ရှားတောကျေးရွာအုပ်စု၊ရှားတောကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ
အခမ်းအနားတွင် မြန်အောင်ရေနံမြေမှ အထွေထွေမန်နေဂျာဦးလှမျိုးထွန်းက ရှားတောကျေးရွာကွန်ကရစ်လမ်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ ရှားတောကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အဆိုပါလမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်အောင်ရေနံမြေမှအထွေထွေမန်နေဂျာတို့က ဖွင့်လှစ်ပေးအပ်ခဲ့ပြီး၊ မြန်အောင်ရေနံမြေမှအထွေထွေမန်နေဂျာက လမ်းဖြစ်မြောက်ရေးကော်မတီထံ ကွန်ကရစ်လမ်းနှင့်ပတ်သက်သည့်အချက်အလက်များအားလွှဲပြောင်းပေးအပ်ခဲ့ကာ လမ်းဖြစ်မြောက်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး မြန်အောင်ရေနံမြေအထွေထွေမန်နေဂျာက တက်ရောက်လာကြသောဧည့်သည်တော်များအား လမ်းဖွင့်ပွဲအမှတ်အလံများအားပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှူ စစ်ဆေးခဲ့ပါသည်။

(မြန်အောင်မြို့နယ်၊ရှားတောကျေးရွာအုပ်စု၊ရှားတောကျေးရွာ ကွန်ကရစ်လမ်းမကြီးအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မြန်အောင်ရေနံမြေမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR)ရံပုံငွေ ကျပ်သိန်း (၄၄၆)သိန်းဖြင့် (၁၂) ပေအကျယ် အရှည် (၂၅၀၀)ပေအား MGCT ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။)

 

08-Jul-2019