ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊တာခွတဲကြီးကုန်းကျေးရွာအုပ်စုများ၌ စိုက်/မွေးဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၁၃)နှင့် အမှတ်(၁၅)စက်မှုလယ် ယာစခန်းတို့မှ ကောက်စိုက်စက်များဖြင့် ကောက်စိုက်ခြင်းသရုပ်ပြပွဲကိုကျင်းပပြုလုပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြေဆီလွှာများ ဓာတ်ခွဲစမ်းသပ်လေ့လာခြင်း၊ စံပြဧကကွက်များဖော်ထုတ်ခြင်း၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များဖြန့်ဝေခြင်း၊ လယ်ယာဝန်ဆောင်မှုစင်တာများတည်ထောင်ခြင်း၊ လက်မှုလက်ယာမှ စနစ်ကျစက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးဆောင်ရွက်လျက်ရှိကာ
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအား တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနများနှင့်အတူ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်၊ဓမ္ဘီကျးရွာအုပ်စုနှင့် မြန်အောင်မြို့နယ်၊တာခွတဲကြီးကုန်းကျေးရွာအုပ်စုများ၌
စိုက်/မွေးဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၁၃)နှင့် အမှတ်(၁၅)စက်မှုလယ် ယာစခန်းတို့မှ ကောက်စိုက်စက်များဖြင့် ကောက်စိုက်ခြင်းသရုပ်ပြပွဲကိုကျင်းပပြုလုပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ကောက်စိုက်စက်များဖြင့်ကောက်စိုက်နေမှုအခြေအနေများအားကြည့်ရှု့အားပေးခဲ့ကာ ဒေသခံတောင်သူများက သရုပ်ပြပွဲနှင်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

08-Jul-2019