ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသူ/ကျောင်းသားများ၊ သင်ကြားမှုထူးချွန်ဆရာ/ ဆရာမများနှင့် အောင်ချက်ကောင်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီးကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး နှင့်ကျောင်းသား/ ကျောင်းသူများ ကျောင်းနေပျော်၍စာတော်စေရေးကိုရည်ရွယ်၍ ကျောင်းအဆင့်များတိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ အန္တရာယ်ရှိအဆောက်အအုံများအား ပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပညာရေးဌာန ၏မူများနှင့်အညီ ပညာရေးဝန်ထမ်းများ ပြည့်မီစေရေးအတွက် ပညာရေးဌာနဖြင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကာ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ (၁၃၀၀) အချိန်တွင် ဧရာ ဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသူ/ကျောင်းသားများ၊သင်ကြားမှုထူးချွန် ဆရာ/ ဆရာမများနှင့် အောင်ချက်ကောင်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ပညာရေးဌာနမှဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ နှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အထက(၂)ကျောင်းသား/ကျောင်းသူလေးများမှ ဘက်စုံပညာရည်တို့လှမ်းချီသီချင်းဖြင့်အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်သောအခမ်းအနားသည် ဟင်္သာတခရိုင်နှင့် ဟင်္သာတမြို့နယ်အတွက် ဂုဏ်ယူဝမ်းမြောက်ရသောအခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းအတွင်း အောင်ချက်အမြင့်မားဆုံးခရိုင်ဖြစ်ပြီး မြို့နယ်အနေဖြင့်လည်း ယခုနှစ်တွင်အောင်ချက်(၃၂.၁၁)ရာနှုန်းဖြင့် တိုင်းဒေသကြီးတွင် အဆင့်(၇)ဖြင့် ရပ်တည်နေတာကိုတွေ့ရှိရပါကြောင်း၊ဂုဏ်ထူးရကျောင်သား/ကျောင်းသူ (၄၄၈)ဦးရှိပြီး ဂုဏ်ထူး(၆၅၄)လုံးရရှိတာကို တွေ့ရှိရတဲ့အတွက် ဝမ်းသာပိတိဖြစ်ရပါကြောင်း၊ ယခုလိုထူးချွန်ကျောင်းသား/ကျောင်းသူများအား မွေးထုတ်ပေးခဲ့သောဆရာ/ဆရာ မများအား မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ နောင်လာမည့်နှစ်တွင်လည်းလက်ရှိအဆင့်ထက် ပိုမိုတိုးတက်မြင့်မားလာအောင် ကြိုးစားသင်ယူပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ထူးချွန်ကျောင်းသား/ကျောင်းသူများအနေဖြင့်အခြေခံပညာအဆင့်အောင်မြင်ပြီးဖြစ်တဲ့အတွက် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားရမှာဖြစ်ကာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကိုဦးတည်၍ လေ့လာဆည်းပူးကြရန်နှင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက်ကျရာအခန်းကဏ္ဍကနေ စွမ်းဆောင်နိုင်သော နောင်အနာဂတ်ရဲ့လူရည်ချွန်များဖြစ်စေလိုပါကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း မိမိတို့၏ရင်သွေးများအား ပညာရေးဆုံးခန်းတိုင် အောင်သင်ကြားနိုင်ရေးအတွက် ထိန်းကျောင်းဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ယခုပညာသင်နှစ်တွင်ပညာသင်ကြားနေကြသော အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းမှကျောင်းသား/ကျောင်းသူများအနေ ဖြင့်လည်း နောင်တော်၊နှမတော်များကို အတု ယူ၍ ထူးချွန်ထက်မြက်သူများဖြစ်အောင်ကြိုးစားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း ဇွဲ၊လုံ့လ၊ဝိရိယများစိုက်ထုတ်၍ပညာသည်ဆုံးခန်းတိုင်သည်မရှိဟုခံယူ၍ ပညာရပ်များကို အစဉ်အမြဲလိုလိုလားလား လေ့လာဆည်းပူးကြဖို့လိုပါ ကြောင်း၊ ပညာရေးကဏ္ဍသည်ရင်းနှီးမြုပ်နှံမှုအချိန်ကာလကြာမြင့်သလို အကျိုးအမြတ်ပမာဏကလည်းကြီးမား၍ရင်းနှီးမြုပ်နှံမှုများအပေါ် ထိုက်တန်တဲ့အသီးအပွင့်များကိုလည်း ပြန်လည်ခံစားကြရမှာဖြစ်ပြီး တစ်ဦးချင်း ရပ်တည်မှုများသည်လည်း ကွာခြားသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရဲရင့်ပွဲလယ်တင့် ဟူသောစကားနှင့်အညီ ပညာသည် အဖိုးမဖြတ်နိုင်သောရတနာတစ်ပါးဖြစ်သည့်အတွက်ပညာကိုစူးစမ်းရှာဖွေဆည်းပူးကြဖို့လိုပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိတို့တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်၊ယဉ်ကျေးမှုကိုမြတ်နိုးတွယ်တာတဲ့စိတ်၊ဇာတိသွေး၊ ဇာတိမာန်များနိုးကြားတဲ့စိတ်များကိုမွေးမြူထိန်းသိမ်းကြရန်နှင့်ကျောင်းသား/ကျောင်းသူများအားလုံးရှေ့ဆက်လျှောက်လှမ်းရမည့် ဘဝခရီးလမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ပြီး နိုင်ငံအကျိုး/ ပြည်သူ့အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်ကြသော လူရည်ချွန်မောင်မယ်များဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သ၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ပြု ပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထို့နောက်၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးဆုရ အထက်တန်းကျောင်းများ၊အထက်တန်းကျောင်း(ခွဲ)နှင့်ကိုယ်ပိုင်အထက် တန်းကျောင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများအား အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ပြီး၊၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာနှင့်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင် ဝင်း၊ လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာ/ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးအထက(၅) ကျောင်းသား/ကျောင်းသူလေးများမှ ဇာတိမာန်တေးသီချင်းအားသီဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ပါသည်။
08-Jul-2019