ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၏ ဒေသလိုအပ်ချက်များနှင့်ပုဂ္ဂိုလ်ရေးလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ လိုအပ်ချက်များအား ဖြေရှင်းဆောင်ရွက်နိုင်ရန် လူထုတွေ့ဆုံပွဲများအား အခါအားလျော်စွာကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ (၁၂၃၀)အချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၃)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အားကစားခန်းမဆောင်သစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ပြည်ထောင်စု/တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအခြေအနေများ၊ ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ် ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ လျပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့မှ ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မော်လမြိုင်ကျွန်းမြို့အဝင် တပင်ရွှေထီးလမ်းမကြီး အပိုင်(၄)အားဆက်လက်ခင်းကျင်းရန်အတွက် ဦးကျော်ဌေးပါမြို့မိမြို့ဖ (၆)ဦးကအလှူငွေ သိန်း(၆၀)ကို ပေးအပ်လှူဒါန်းရာ လမ်းဖြစ်မြောက်ရေးကော်မတီကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လက်ခံခဲ့ပါသည်။

ထို့နောက်တွေ့ဆုံပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ တက်ရောက်လာကြသော ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များနှင့်ပုဂ္ဂိုလ်ရေး လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

 

03-Jul-2019