ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကဉ္ဇနကျွန်းသာလယ်ယာဝန်ဆောင်မှုစင်တာတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ (၀၉၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူ မြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိခဲ့ပြီး ( Gold Delta . ASC )Agri Servies Center ကဉ္ဇနကျွန်းသာလယ်ယာဝန်ဆောင်မှုစင်တာတွင် တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်၊တိုင်းဒေသကြီးတရားသူကြီးချုပ်၊တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ Gold Delta ကုမ္ပဏီလီမိတက် ဥက္ကဌ ဦးချစ်ခိုင်နှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် အစိုးရအနေဖြင့် စိုက်ပျိုးရေး/မွေးမြူရေးဆိုင်ရာကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသောဒေသခံတောင်သူများကဆန်စပါးကဏ္ဍ/လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် အခက်အခဲများအား လမ်းညွှန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် တင်ပြဆွေးနွေးခဲ့မှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

(လယ်ယာဝန်ဆောင်မှုစင်တာ(Agri Service Center -ASC Project)စီမံကိန်းတွင် ပါဝင်မည့်အဓိကဝန်ဆောင်မှုလုပ်ငန်းများမှာ (၁)မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူ းပေးခြင်းဝန်ဆောင်မှုလုပ်ငန်း၊(၂)ခေတ်မီသိုလှောင်ရုံများတွင် သိုလှောင်ထားရှိနိုင်သောဝန်ဆောင်မှုလုပ်ငန်း၊(၃)ဓာတ်မြေသြဇာ၊စိုက်ပျိုးရေးဆေးနှင့်သွင်းအားစုများဖြန့်ဖြူးရောင်းချပေးသောဝန်ဆောင်မှုလုပ်ငန်း၊(၄)ကောက်စိုက်စက်၊ရိတ်သိမ်းခြွေလှေ့စက်စသောစက်များဖြင့်စက်မှုလယ်ယာအငှါးလိုက်ဝန်ဆောင်မှုလုပ်ငန်း၊(၅)ခေတ်မီအခြောက်ခံစက်ဖြင့်သီးနှံ (စပါး/ပြောင်း)အခြောက်ခံပေးခြင်းဝန်ဆောင်မှုလုပ်ငန်း၊(၆)ခေတ်မီဆန်စက်များဖြင့် ကြိတ်ခွဲသန့်စင်ထုတ်လုပ်ခြင်းဝန်ဆောင်မှုလုပ်ငန်း တို့ဖြစ်ပါသည်)

Photo by : Wai Zin

 

03-Jul-2019