ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်အခမ်းအနားသို့ တက်ရောက်

အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)အား အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်း များမှ Universal Health Coverage (လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု) ကို နားလည်စေရန်၊ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)တွင် အရပ်ဘက်အဖွဲ့အစည်းများမှ အဓိပ္ပာယ်ရှိစွာ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နိုင်ရန်၊ ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်ဖွဲ့စည်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကို ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ (၂၇-၆-၂၀၁၉)ရက်နေ့ နံနက်(၀၈:၃၀)အချိန်တွင်ည ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အမျိုးသား ကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)အရ အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန် ဖော်ဆောင်ရာ တွင် အစိုးရတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ ပုဂ္ဂလိက ဆရာဝန်များပူးပေါင်းပါဝင်မှသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ Universal Health Coverage (လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု)သည် မျှတမှုကို အခြေခံသော ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများ၏ အိတ်စိုက်ကုန်ကျငွေကို လျော့ကျစေမည်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ သဘောထားအမြင်များအား ရယူသွားမည်ဖြစ်ပြီး မြန်မာ့ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲတွင် ပြန်လည်တင်ပြသွားမည် ဟု သိရသဖြင့် များစွာဝမ်းသာကြောင်း၊ ကျန်းမာရေးစနစ်ပြုပြင်ပြောင်းလဲရာတွင် အရပ်ဘက်အဖွဲ့အစည်းများမှ အကြံပြုချက်များပေးရန် တိုက်တွန်းပြောကြားပြောကြားခဲ့ပါသည်။

03-Jul-2019